မန္တလေး လေးမြို့နယ်မှာ မဲစာရင်းထဲမပါသူ နှစ်သိန်းခန့်ရှိ


2015.09.16
voter-lists-620.jpg ရပ်ကွက်တစ်ခုမှာ မဲစာရင်းလာကြည့်သူတချို့ကို တွေ့ရစဉ်
Photo: Khun Yarzar/RFA

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်၊ မဟာအောင်မြေ၊ ချမ်းအေးသာစံနဲ့ ချမ်းမြသာစည်မြို့နယ်တွေမှာရှိတဲ့ စက်ရုံလုပ်သားတွေနဲ့ ရွှေ့ပြောင်းနေထိုင်ကြ သူတွေဟာ တစ်မြို့နယ်စီမှာ မဲပေးခွင့်ရှိသူ လူဦးရေ ၅ သောင်းလောက် မဲစာရင်းမှာ မပါသေးဘူးလို့ မန္တလေးမြို့အခြေစိုက် အမျိုးသမီးနိုင်ငံရေးအင်အားစုများ အဖွဲ့က ပြောပါတယ်။

မဲစာရင်းမှာမပါသူတွေဟာ ကျူးကျော်တွေနဲ့ စက်မှုဇုန်တွေမှာ လာရောက် အလုပ်ကြသူတွေဖြစ်ပြီး မဲစာရင်းမပါတဲ့ အတွက် သက်ဆိုင်ရာကော်မရှင်ရုံးခွဲတွေ မှာ လျှောက်ထားဖို့ ကူညီပေးနေတယ်လို့ မန္တလေးမြို့အခြေစိုက် အမျိုးသမီးနိုင်ငံရေး အင်အားစုများအဖွဲ့ဝင် မရွှေစင်ဇော်ဝင်းက ပြောပါတယ်။

"အသေးစားစက်မှုလုပ်ငန်းတစ်ခုတင် အနည်းဆုံး ၁ဝ ယောက်လောက်ရှိတယ်၊ ဒီလိုစက်ရုံကြီးတစ်ရုံဆိုရင် ၅၈ ယောက်၊ ၆ဝ လောက်ရှိတယ်၊ ဒီထက်ကြီးတာဆို ရာချီရှိတာတွေရှိတယ်၊ ကျုးကျော်တွေ ၊ ရွှေ့ပြောင်းတွေဆိုတာက ပြည်ကြီးတံခွန်တို့၊ အောင်မြေသာစံ၊ နောက်ပြီး ဂေါဝန်ဆိပ်တို့ ဆိပ်ကမ်းမှာ အများဆုံးပဲ"

အဲဒီအဖွဲ့ဟာ ပြီးခဲ့တဲ့တစ်လလောက်ကစပြီး လက်ဖက်ရည်ဆိုင်တွေ၊ စက်ရုံ အလုပ်ရုံတွေ၊ အသေးစား လုပ်ငန်းတွေမှာ လာရောက်အလုပ်လုပ်ကြသူတွေနဲ့ ကျူးကျော်နေထိုင်သူတွေ မဲစာရင်းပါရေး အတွက် ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီးမှာ မဲပေးခွင့်ရှိသူ ၄ သန်းကျော်ရှိပြီး ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း ၄ဝဝ ကျော်ရှိပါတယ်။

မရွှေစင်ဇော်ဝင်းကို RFA သတင်းထောက် မဇင်မာဝင်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။