စလင်းမြို့နယ် ရေဘေးသင့် ရွာသားတွေ အိမ်ဆောက်ခွင့်မရ

ဧရာဝတီမြစ်ကမ်းပါးပြိုရာမှာ အိမ်တွေပါ သွားတဲ့ မကွေးတိုင်း စလင်းမြို့နယ် ဇီးပင်ဖြူကျေးရွာအုပ်စု ဘိုကုန်းရွာသားတွေ စုပေါင်းပြီး ဝယ်ထားတဲ့မြေမှာ အိမ်ဆောက်လုပ်ခွင့် တားမြစ်ခံရတဲ့အတွက် လမ်းဘေးမှာနေထိုင်နေရတယ်လို့ ရွာသားတွေက ပြောပါတယ်။

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာရွာက ကျောင်းတော်ရာဘုရားမှာ ရေဘေးဒုက္ခသည်တွေကို စောင့်ရှောက်ထား တဲ့ ဒုက္ခသည် စခန်းတစ်ခုကို တွေ့ရစဉ် Photo: Nay Thwae/RFA

ဧရာဝတီမြစ်ကမ်းပါးပြိုရာမှာ အိမ်တွေပါသွားတဲ့ မကွေးတိုင်း စလင်းမြို့နယ် ဇီးပင်ဖြူကျေးရွာအုပ်စု ဘိုကုန်းရွာ သားတွေ စုပေါင်းပြီး ဝယ်ထားတဲ့မြေမှာ အိမ်ဆောက်လုပ်ခွင့် တားမြစ်ခံရတဲ့အတွက် လမ်းဘေးမှာနေထိုင်နေ ရတယ်လို့ ရွာသားတွေက ပြောပါတယ်။

ရေလည်းဝင် ကမ်းပါးလည်းပြိုတဲ့အတွက် အိမ်ဆောက်ဖို့စီစဉ်တဲ့အခါ မြေဝယ်ထားတဲ့ပြေစာရှိပေမယ့် ဆောက်ခွင့် မရတာလို့ ခုလမ်းဘေးမှာ တဲထိုးနေရတဲ့ ဒေါ်ဝင်းစိန်က ပြောပါတယ်။

ဘိုကုန်းရွာမှာ အိမ်ခြေ ၈၂ လုံးရှိပြီး ကမ်းပါးပြိုတဲ့ထဲပါသွားတဲ့ အိမ် ၃၃ လုံးက လူတစ်ရာကျော်ဟာ မင်းဘူး-ဆိတ်ဖြူ ကားလမ်းဘေးက သူတို့ဝယ်ထားတဲ့မြေနေရာနားက သန်းကုန်းရွာနဲ့ ကိုးလံရွာကြားမှာ နေထိုင်နေရတယ်လို့ အိမ်ခြေယာခြေမဲ့သွားသူတွေက ပြောပါတယ်။

ရွာသားတွေ လုပ်ကိုင်နေတဲ့ ကိုင်းမြေကလည်း ရေမြုပ်သွားတဲ့အတွက် စိုက်ရပျိုးရခက်နေတယ်လို့ဆိုပါ တယ်။ လောလောဆယ်နေထိုင်နေတဲ့ နေရာနားမှာ ရေဘေးကယ်ဆယ်ရေးအဖွဲ့က ရေတွင်းတူးပေးပြီး အိမ်သာတွေလည်း ဆောက်ပေးသွားတယ်လို့ ရွာသားတွေက ပြောပါတယ်။

ဒီ အကြောင်း ဘိုကုန်းရွာမှာ နေလို့မရတော့တဲ့ ဒေါ်ဝင်းစိန်ကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org