ပုဗ္ဗသီရိမှာ NLD အနိုင်ရတယ်လို့ မြို့နယ်ကော်မရှင် အတည်ပြု

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရည်မွန်(ခေါ်) မောင်တင်သစ်က ပြိုင်ဘက်ဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဝေလွင်ကို မဲအရေအတွက် တစ်သောင်းကျော်နဲ့ အနိုင်ရခဲ့တယ်လို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးဆန်းလွင်က အတည်ပြုပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်က NLD ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရည်မွန်(ခေါ်) မောင်တင်သစ် (လက်မှတ်ထိုးနေသူ)ကို တွေ့ရစဉ် Photo: U Yee Mon

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရည်မွန်(ခေါ်) မောင်တင်သစ်က ပြိုင်ဘက်ဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဝေလွင်ကို မဲအရေအတွက် တစ်သောင်းကျော်နဲ့ အနိုင်ရခဲ့တယ်လို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးဆန်းလွင်က အတည်ပြုပါတယ်။

ဦးရည်မွန်(ခေါ်) မောင်တင်သစ်က ၄၃၁၀၁ မဲနဲ့ ဦးဝေလွင်က ၃၂၉၄၂ မဲ ရခဲ့တာဖြစ်ပါတယ်။

ပုဗ္ဗသီရိမြို့နယ်မှာ မဲဆန္ဒရှင် စုစုပေါင်း ၉၇၀၀၀ ကျော်ရှိပြီး မဲပေးနိုင်တဲ့ တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေ တစ်သောင်းနီးပါးရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ဦးရည်မွန်နဲ့ ဦးဝေလွင်တို့ ပြည်သူ့လွှတ်တော် နေရာအတွက် ယှဉ်ပြိုင်ခဲ့ကြပြီး ဦးရည်မွန်က မဲအရေအတွက် တစ်ရာကျော်အသာနဲ့ အနိုင်ရခဲ့ပါတယ်။

အလားတူ ပုဗ္ဗသီရိမြို့နယ် အမျိုးသားလွှတ်တော် နေရာအတွက် NLD ပါတီက ဦးမောင်မောင်ဆွေက အနိုင်ရခဲ့တယ်လို့ ပုဗ္ဗသီရိ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ပြောပါတယ်။

----------------------

(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org