မှတ်ပုံတင်ထုတ်ပေးတဲ့ လုပ်ငန်းစဉ် စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်း

နိုင်ငံသားစိစစ်ရေး ကဒ်ပြားလျှောက်ထား သူတွေကို မှတ်ပုံတင်ထုတ်ပေးနေရာမှာ မွတ်စလင်တွေနဲ့ သွေးနှောထားသူတွေကို ထုတ်ပေးမှာ စိုးတဲ့အတွက် စောင့်ကြည့်လေ့လာရေးအဖွဲ့ကို ရခိုင်ပြည်နယ် သံတွဲမြို့မှာ ဖွဲ့စည်းလိုက်ကြောင်း အဖွဲ့ရဲ့ အတွင်းရေးမှူး က ပြောပါတယ်။

ရခိုင်ပြည်နယ် မြေပုံမြို့မှာ ၁၉၈၂ ခုနှစ် ဥပဒေအရ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူတွေကို ၂ဝ၁၄ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့က စိစစ်နေစဉ် Photo: Min Thein Aung/RFA

နိုင်ငံသားစိစစ်ရေး ကဒ်ပြားလျှောက်ထားသူတွေကို မှတ်ပုံတင်ထုတ်ပေးနေရာမှာ မွတ်စလင်တွေနဲ့ သွေးနှော ထားသူတွေကို ထုတ်ပေးမှာ စိုးတဲ့အတွက် စောင့်ကြည့်လေ့လာရေးအဖွဲ့ကို ရခိုင်ပြည်နယ် သံတွဲမြို့မှာ ဖွဲ့စည်းလိုက်ကြောင်း အဖွဲ့ရဲ့ အတွင်းရေးမှူးက ပြောပါတယ်။

အဖွဲ့အနေနဲ့ သွေးနှောသူတွေကို မှတ်ပုံတင်ထုတ်ပေးမှာစိုးရိမ်လို့ စောင့်ကြည့်မှာ ဖြစ်တယ်လို့ အဖွဲ့အတွင်းရေးမှူး ဦးမြင့်မိုးက ပြောပါတယ်။

"သံတွဲမှာ ကမန်လူဦးရေက ၄၇၄ ယောက်ပဲရှိတယ်ဆိုတော့ အဲဒီ ၄၇၄ ယောက်ကို ထုတ်ပေးလိုက် ဘာမှပြဿနာ မရှိဘူး။ ကမန်တွေပေါ့နော်။ ကျန်သော သွေးနှောဆိုတဲ့ ပုဂ္ဂိုလ်က ၈၀၀၀ လောက် တင် ထားတာရှိတယ်။ မနက်ဖြန်တွေ့မယ်ဆိုတာ အဲဒီကိစ္စပဲ။ အဲဒီလူတွေကို ကမန်ဟုတ်မဟုတ်က ဒေသ ခံတွေက ပိုသိတယ်။ အဲဒါကို စောင့်ကြည့်သွားမယ်။ ပြီးတော့ မဟုတ်တဲ့ လူတွေ ထုတ်မပေးနဲ့ ဟုတ်တဲ့လူတွေ ထုတ်ပေးပေါ့။ သွေးနှောဆိုတဲ့ လူတွေကို မရစေချင်တာ"


အဲဒီအဖွဲ့ကို အခုလ ၂၄ ရက်နေ့က ဖွဲ့စည်းလိုက်တာဖြစ်ပြီး ဒီဇင်ဘာလ ၂၆ ရက်နေ့က မြို့နယ်၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့နဲ့ လဝကရုံးတွေကို အကြောင်းကြားစာပေးပို့ထားပြီး ဖြစ်ပါတယ်။

မနက်ဖြန်မှာ နေပြည်တော်ကနေ နိုင်ငံသားစိစစ်ရေးကဒ်ပြားတွေ ချထားပေးဖို့ ရောက်ရှိနေတဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက တာဝန်ရှိသူတွေနဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြား ထုတ်ပေးရေး စောင့်ကြည့်လေ့လာရေးအဖွဲ့တို့ တွေ့ဆုံမယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ လူဦးရေ တစ်သိန်းနှစ်သောင်းရှိပြီး White Card ထုတ်ထားပေးသူ ရှစ်ထောင်၊ မှတ်ပုံတင်ချထားပေးသူ ၆၀၀ ကျော်နဲ့ မှတ်ပုံတင်ချထားပေးဖို့ လျှောက်ထားသူ ရှစ်ထောင် ခန့်ရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org