တိုက်ပွဲတွေကြောင့် ဝက်သက်ရောဂါဖြစ်ရာဒေသမှာ အကူညီပေးဖို့ ခက်ခဲ

စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ-အိန္ဒိယ နယ်ခြားမှတ်တိုင် အမှတ် ၁၅၁ အနီးတဝိုက်မှာ အိန္ဒိယအစိုးရ တပ်မတော်နဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN ( K ) တို့အကြား ဒီကနေ့တိုက်ပွဲဖြစ်ပွားနေပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ-အိန္ဒိယ နယ်ခြားမှတ်တိုင်အမှတ် ၁၅၁ အနီးတဝိုက်မှာ အိန္ဒိယအစိုးရ တပ်မတော်နဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင ်စီ NSCN ( K ) တို့အကြား ဒီကနေ့တိုက်ပွဲဖြစ်ပွားနေပါတယ်။

တိုက်ပွဲကြောင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် ရွှေလောကျေးရွာတဝိုက်က ဝက်သက်ရောဂါ ခံစားနေရသူတွေကို ထောက်ပံ့ရေးပစ္စည်းတွေ သွားရောက်ပို့ဆောင်ဖို့ အခက်အခဲဖြစ်နေတယ်လို့ နာဂ အမျိုးသားရေးရာကောင်စီရဲ့ တွဲဘက်အတွင်းရေးမှူး ဦးရှှုမောင်က ပြောပါတယ်။

"ရွှေလောဆိုတာက အခုရောဂါသင့်တဲ့ကျေးရွာတွေအများကြီးအထဲက တော်တော်လေး ဆိုးဆိုးဝါးဝါးဖြစ်နေတဲ့ ကျေး ရွာတစ်ခုဖြစ်တယ်၊ အဲ့ဒီကျေးရွာကို ကယ်ဆယ်ရေးပစ္စည်တွေပို့ဖို့ မနေ့ကတည်းက ကျနော်တို့ ပြင်ဆင်ထားကြ တာပေါ့၊ အဲ့ဒီတော့ ထွက်ခါနီးကျတော့မှ အဲ့ဒီနယ်မှာ တိုက်ပွဲဖြစ်နေတော့ ရွှေတောကို မသွားရတော့ဘူးပေါ့ဗျာ ၊ ရောဂါသင့်တဲ့ရွာတွေလည်း အဲ့ဒီနယ်မြေမှာရှိတယ်၊ တိုက်ပွဲကလည်း ထဖြစ်တယ်ဆိုတော့ အဲ့ဒီတိုက်ပွဲအခြေ အနေပေါ်မူတည်ပြီးတော့ အဲ့ဒီမှာနောက်ထပ်ဘယ်တော့မှ ကျနော်တို့ ထပ်ပို့လို့ရမလဲဆိုတာတော့ တွက်ချက် တာပေါ့နော်၊ နဂိုကမှ ကျနော်တို့နယ်မြေက ထောက်ပံ့ရေးပစ္စည်ပို့ဖို့ ခက်ခဲနေတုန်းအချိန်မှာ စစ်ပါထဖြစ်တယ် ဆိုတော့ ထပ်ပို့ဖို့ကပိုခက်ခဲသွားတဲ့ အနေအထားမျိုးဖြစ်သွားတာပေါ့"

အိန္ဒိယအအစိုးရရဲ့ အထူးတပ်ဖွဲ့နဲ့ အာဆမ်ရိုင်ဖယ်တပ်ဖွဲ့တွေဟာ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီနဲ့ မြန်မာ-အိန္ဒိယ နယ်စပ်တွေမှာ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိပါတယ်။

အဲ့ဒီလို တိုက်ပွဲဖြစ်ပွားတာကြောင့် အခုဆိုရင် နန်းယွန်းမြို့နယ်ထဲက ဝက်သက်ရောဂါ ကူးစက်ခံစားနေရတဲ့ ရွာတွေဘက်ကိုပဲ သွားရောက်ကူညီဖို့ အစီအစဉ်ပြောင်းလိုက်ရတယ်လို့ ဦးရှုမောင်က ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဝက်သက်ရောဂါခံစားရလို့ မနေ့ကအထိ လူ ၄၄ ယောက်သေဆုံးခဲ့ပြီး ငါးရာဝန်းကျင် ဝေဒနာခံစားနေရတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org