နာဂလက်နက်ကိုင်အဖွဲ့ဝင် ၅ ဦး ရုံးထုတ်

တရားမဝင်အသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၁) နဲ့ ဖမ်းဆီးခံထားရတဲ့ နာဂတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင် ၅ ဦးကို ဒီနေ့ ခန္တီးမြို့မ တရားရုံးမှာ ရုံးထုတ်ပြီး တရားလိုဖြစ်တဲ့ စစ်ဗျူဟာရုံးက ဗိုလ်မှူး ဇာနည်အောင်ကို စတင်စစ်ဆေးခဲ့ပါတယ်။

တရားမဝင်အသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၁) နဲ့ ဖမ်းဆီးခံထားရတဲ့ နာဂတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင် ၅ ဦးကို ၂ဝ၁၉ ခုနှစ် ဧပြီလ ၁၉ ရက်နေ့က ခန္တီးမြို့မ တရားရုံးမှာ ရုံးထုတ်ခဲ့စဉ် Photo: Aung San Myint

တရားမဝင်အသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၁) နဲ့ ဖမ်းဆီးခံထားရတဲ့ နာဂတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင် ၅ ဦးကို ဒီနေ့ ခန္တီးမြို့မ တရားရုံးမှာ ရုံးထုတ်ပြီး တရားလိုဖြစ်တဲ့ စစ်ဗျူဟာရုံးက ဗိုလ်မှူး ဇာနည်အောင်ကို စတင်စစ်ဆေးခဲ့ပါတယ်။

အထက်က ညွှန်ကြားချက်အရ တရားစွဲဆိုတာဖြစ်ကြောင်း တရားလိုဖြစ်သူက ဒီနေ့ ထွက်ဆိုခဲ့တယ်လို့ တရားစွဲခံရသူတွေဘက်က လိုက်ပါဆောင်ရွက်ပေးတဲ့ တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦး က RFA ကို ပြောပါတယ်။

တရားစွဲခံထားရသူတွေဟာ အိန္ဒိယအစိုးရကို ပုန်ကန်နေတဲ့ အာသံ၊ ကသည်းအဖွဲ့တွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့ ဓာတ်ပုံသက်သေ အထောက်အထားတွေ ရှိတယ်လို့လည်း တရားလိုက ထွက်ဆိုကြောင်း ဒီနေ့ ရုံးထုတ်မှာ သွားရောက်စောင့်ကြည့်ခဲ့တဲ့ ခန္တီးမြို့ခံ ဦးအောင်ဆန်းမြင့် က ပြောပါတယ်။

NSCN-K အဖွဲ့ဝင် ဦးအန်ကန့်၊ ဦးကျော်ဝမ်းစိန်၊ ဦးအန်းမိုင်၊ ဦးစောထင်နဲ့ ဦးအောင်ဆိုင်း တို့ကို ပြီးခဲ့တဲ့ မတ်လက တပ်မတော်က ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် အမှုဖွင့်ပြီး ရဲလက်ကို အပ်နှံခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ တရားစွဲခံရသူ ၅ ဦးကို ခန္တီးမြို့နယ်အတွင်း ၃ မိုင်ထောင်မှာ ထိန်းသိမ်းထားပါတယ်။ လာမယ့် ဧပြီလ ၂၉ ရက်နေ့ကို တတိယအကြိမ် ရုံးချိန်းအဖြစ် ထပ်မံချိန်းဆိုထားပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org