(NSPNC) နဲ့ နိုင်ငံရေးပါတီတချို့တို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေး

စစ်ကောင်စီက ဖွဲ့ထားတဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) နဲ့ နိုင်ငံရေးပါတီတချို့ဟာ ဒီနေ့ အောက်တိုဘာ ၉ ရက်နေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးဖို့ရှိ နေတယ်လို့ နိုင်ငံရေးပါတီတွေဆီက သိရပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်ကို တွေ့ရစဉ်

စစ်ကောင်စီက ဖွဲ့ထားတဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) နဲ့ နိုင်ငံရေးပါတီတချို့ဟာ ဒီနေ့ အောက်တိုဘာ ၉ ရက်နေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးဖို့ရှိ နေတယ်လို့ နိုင်ငံရေးပါတီတွေဆီက သိရပါတယ်။

ဒီကော်မတီကနေ နိုင်ငံရေးပါတီပေါင်း ၃၀ ဝန်းကျင်ကို တက်ရောက်ဖို့ ဖိတ်ကြားထားတာဖြစ်ပြီး ဖိတ်ကြား ချက်ရတဲ့အချိန်က နီးကပ်ခဲ့တာကြောင့် ရခိုင်အမျိုးသားပါတီ (ANP) အနေနဲ့ မတက်ဖြစ်ခဲ့ဘူးလို့ ANP ပါတီမူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော် က RFA ကို ပြောပါတယ်။

"ဆုံးဖြတ်ချက်တစ်ခုဆိုတာ မျက်နှာစုံညီ ဆုံးဖြတ်တာကောင်းတယ်။ အဲဒါကြောင့် ကျွန်တော်တို့မှာ CEC ရဲ့ ဆုံးဖြတ်ချက်ယူဖို့က အခက်အခဲနည်းနည်းဖြစ်သွားတယ်။ နောက်တစ်ခုက ပါတီတာဝန်ရှိသူတွေက ခရီးလွန်နေကြတာတွေရှိတယ်။ CEC ရဲ့ ဆုံးဖြတ်ချက်မလိုက်ဘူး အဲဒါကြောင့် ဒီတစ်ခေါက်တော့ တွေ့ဆုံဖို့ ဒီနေ့ ခေါ်ထားတာကိုတော့ ရခိုင်အမျိုးသားပါတီအနေနဲ့ တက်ရောက်နိုင်ခြင်း မရှိဘူးလို့ ပြောချင်ပါတယ်"

အဲဒီဆွေးနွေးပွဲမှာ နိုင်ငံတွင်း ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခအခြေအနေတွေကို ဆွေးနွေးနိုင်လိမ့်မယ်လို့လည်း ဦးထွန်းအောင်ကျော်က သုံးသပ်ပါတယ်။

ရခိုင်အမျိုးသားပါတီ (ANP) အပြင် ရှမ်းနီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီတို့က ဒီနေ့ ဆွေးနွေးပွဲကို မတက်ရောက်ဖြစ်ဘူးလို့ ပြောဆိုထားပြီး လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ ရခိုင်ဦးဆောင်ပါတီ (AFP) တို့ကတော့ တက်ရောက်ဖို့ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီက အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ဖွဲ့စည်းခဲ့ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထား ပါတယ်။

ဒီဆွေးနွေးပွဲ မတိုင်ခင်က ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားအစည်းအရုံး (DKBA)၊ KNU/KNLA-PC စတဲ့ နိုင်ငံရေးပါတီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့နဲ့ NSPNC တို့ဟာ တွေ့ဆုံဆွေးနွေးခဲ့ဖူးပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org