နျူပစ္စည်းတွေကိစ္စ သမ္မတ ဦးသိန်းစိန်ကို ကန်အထက်လွှတ်တော်အမတ် စာရေးမေးမြန်း

မြန်မာနိုင်ငံကို တရားမဝင်တင်ပို့မယ်လို့ ယူဆရတဲ့ နူကလီယား အနုမြူအစီအစဉ်မှာ သုံးစွဲနိုင်တဲ့ပစ္စည်းတချို့ကို ဂျပန်နိုင်ငံရောက် မြောက်ကိုရီးယား သင်္ဘော တစ်စီးပေါ်ကနေ တွေ့ရှိတဲ့သတင်း ပေါ်ထွက်လာခဲ့ပြီးတဲ့နောက်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် ဆီးနိတ်အထက်လွှတ်တော်အမတ် တစ်ယောက် က သမ္မတ ဦးသိန်းစိန်ဆီကို စာရေးသားမေးမြန်းခဲ့တယ်လို့ သိရပါတယ်။

မြန်မာစစ်အစိုးရ၏ နေပြည်တော်တွင် မြောက်ကိုရီးယား ပညာရှင်များက မြေအောက် ဥမင်လိုဏ်ခေါင်းများ ဖောက်လုပ်ပေးသော သတင်းကို QQ.com တရုတ် သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားပုံ ဖြစ်ပါသည်။ (Image: RFA) (Image: RFA)

ဂျပန်နိုင်ငံထုတ် Asahi Shinbun သတင်းစာက ရေးသားခဲ့တဲ့ သတင်းတစ်ပုဒ်မှာ ပြီးခဲ့တဲ့ သြဂုတ်လက တိုကျိုဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ မြောက်ကိုရီးယားသင်္ဘောတစ်စီးပေါ်ကို အမေရိကန်အစိုးရရဲ့ မေတ္တာရပ်ခံချက်အရ ဂျပန်အာဏာပိုင်တွေက တက်ရောက်ရှာဖွေခဲ့ရာမှာ အနုမြူလုပ်ငန်းမှာ သုံးစွဲနိုင်တဲ့ သတ္တုချောင်းတွေနဲ့ အဆင့်မြင့် အလူမီနီယံ သတ္တုပြားတွေ တွေ့ရှိခဲ့ရကြောင်း၊ ဒီပစ္စည်းတွေကို တရုတ်ပြည်ကတဆင့် မြန်မာနိုင်ငံကိုပို့မယ်လို့ ယူဆရကြောင်းဖေါ်ပြခဲ့ပါတယ်။

ဒီသတင်းထွက်ပေါ်လာခဲ့ပြီးတဲ့နောက် အမေရိကန် ဆီးနိတ်အထက်လွှတ်တော် ရီပါဘလီကင် အမတ် ရစ်ချတ်လူဂါ က သမ္မတ ဦးသိန်းစိန် ဆီကို စာရေးသားမေးမြန်းခဲ့တာဖြစ်ပါတယ်။
မစ္စတာ ရစ်ချတ်လူဂါ ဟာ အမေရိကန်လွှတ်တော် အနုမြူမပျံ့ပွားရေးဆိုင်ရာလုပ်ငန်းမှာ သြဇာညောင်းတဲ့ အမတ်တစ်ဦးဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org