NUG ကြေညာချက် မြန်မာ့အရေး အာဆီယံကျရှုံးမှုတစ်ခု ဖြစ်ကြောင်း မလေးရှားပြော

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တစ်နိုင်ငံလုံးကို အရေးပေါ် အခြေအနေ ကြေညာပြီး တော်လှန်ရေးစတင်ဖို့ ကြေညာလိုက်တာဟာ မြန်မာ့အရေး ကြားဝင် ဆောင်ရွက်နေတဲ့ အာဆီယံရဲ့ ကျရှံးမှုတစ်ခု ဖြစ်တယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က စက်တင်ဘာလ ၈ ရက် ဒီနေ့ ပြောလိုက်ပါတယ်။

၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလက တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ပြုလုပ်သည့် ဆွေးနွေးပွဲတစ်ခုတွင် မလေးရှား နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ကို တွေ့ရစဉ်။ File Photo: Reuters

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တစ်နိုင်ငံလုံးကို အရေးပေါ် အခြေအနေကြေညာပြီး တော်လှန်ရေးစတင်ဖို့ ကြေညာလိုက်တာဟာ မြန်မာ့အရေး ကြားဝင်ဆောင်ရွက်နေတဲ့ အာဆီယံရဲ့ ကျရှံးမှုတစ်ခု ဖြစ်တယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က စက်တင်ဘာလ ၈ ရက် ဒီနေ့ ပြောလိုက်ပါတယ်။

ကွာလာလမ်ပူမြို့က နိုင်ငံတကာလေ့လာ‌ရေးနဲ့ မဟာဗျူဟာဌာန (ISIS) မှာ ပြုလုပ်တဲ့ ဆွေး‌နွေးပွဲကို တက်ရောက်လာတဲ့ နိုင်ငံခြားရေးဝန်ကြီး Saifuddin က သတင်းထောက်တွေကို အခုလို ပြောခဲ့တာလို့ မလေးရှားကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး လတ်တလောအခြေအနေတွေကို ရန်ကုန်မြို့မှာရှိတဲ့ မလေးရှားသံရုံးက အနီးကပ် စောင့်ကြည့်လေ့လာနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Saifuddin က ပြောပါတယ်။ မြန်မာ့အရေး ဖြေရှင်းဖို့ အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ပေးထားတဲ့ ဘရူနိုင်း ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အိုင်ရီဝမ်ယူဆွတ်နဲ့ ဆွေးနွေးသွားဖို့ ရှိတယ်လို့လည်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အာဆီယံအနေနဲ့ မြန်မာအရေး ဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်ဖို့ ဆက်ပြီး ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ဧပြီလ ၂၄ ရက်နေ့က ပြုလုပ်တဲ့ဆွေးနွေးပွဲမှာ သဘောတူခဲ့ကြတဲ့ အဲဒီအချက်ငါးချက် ကတော့… မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့၊ သက်ဆိုင်သူအားလုံး ဆွေးနွေးကြဖို့၊ အာဆီယံအထူးကိုယ်စားလှယ် ကြားဝင်ညှိနှိုင်းဖို့၊ လူသားချင်းစာနာမှု အကူအညီတွေပေးဖို့၊ သက်ဆိုင်တဲ့ အဖွဲ့အားလုံးနဲ့ တွေ့ခွင့်ပြုဖို့ ဖြစ်ပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ်အနေနဲ့ လက်ရှိအချိန်အထိ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာနိုင်ငံက သက်ဆိုင်တဲ့ အဖွဲ့အစည်းအားလုံးနဲ့ တွေ့ခွင့်မရသေးသလို၊ ဒီဘုံသဘောတူညီချက်တွေ အကောင်အထည် မဖော်နိုင်သေးတဲ့အပေါ် မလေးရှားအနေနဲ့ အားမလိုအားမရ ဖြစ်နေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org