တစ်လအတွင်း တိုက်ပွဲပေါင်း ၆၇၀ ကျော် ဖြစ်ပွားခဲ့ကြောင်း NUG ထုတ်ပြန်

နိုင်ငံတစ်ဝှမ်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့ကနေ ဇန်နဝါရီလ ၆ ရက်နေ့အထိ အချိန် တစ်လတာအတွင်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲ ၆၇၆ ကြိမ်ဖြစ်ပွားခဲ့ပြီးတော့ စစ်ကောင်စီ ဘက်က သေဆုံးသူ ၂၃၇၇ ဦးနဲ့ ၆၀၅ ဦးထိခိုက်ဒဏ်ရခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က မနေ့ကထုတ်ပြန်ပါတယ်။

ကရင်နီပြည် ဒီး‌မော့ဆိုမြို့နယ်မှာ ၂၀၂၂ ဇန်နဝါရီလ ၉ ရက်က ကရင်နီတပ်မတော် (KA) နှင့် KNDF တို့ သိမ်းဆည်းရမိတဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းတွေကို တွေ့ရစဥ် Photo: KNDF

နိုင်ငံတစ်ဝှမ်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့ကနေ ဇန်နဝါရီလ ၆ ရက်နေ့အထိ အချိန် တစ်လတာအတွင်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲ ၆၇၆ ကြိမ်ဖြစ်ပွားခဲ့ပြီးတော့ စစ်ကောင်စီ ဘက်က သေဆုံးသူ ၂၃၇၇ ဦးနဲ့ ၆၀၅ ဦးထိခိုက်ဒဏ်ရခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က မနေ့ကထုတ်ပြန်ပါတယ်။

စစ်ကောင်စီ ပြောခွင့်ရသူ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ ဒီထုတ်ပြန်ချက်နဲ့ ပတ်သက် လို့ ဘာမှတုံ့ပြန်စရာမရှိဘူးလို့ ပြောပါတယ်။

"ဒါနဲ့ပတ်သက်ပြီး ကျနော် ပြောခဲ့ပြီးသားပဲဖြစ်တယ်။ ဘာမှတုံ့ပြန်နေစရာအကြောင်းမရှိဘူး။ ကျနော်တို့ ကတော့ ဘယ်သူက ဘယ်လောက်သေသွားပြီ ဘယ်သူတွေကတော့ ဘယ်လောက်ဒဏ်ရာရသွားပြီဆိုတာ ဂုဏ်ယူပြီး ထုတ်ပြန်နေစရာအကြောင်းမရှိဘူး။ ဖြစ်တဲ့လူတွေမှန်သမျှက သူတို့ရဲ့ သွေးထိုးလှုံ့ဆော်မှု ကြောင့်သာ လက်နက်ကိုင်ပြီး သူပုန်ထနေတဲ့ သူတွေဖြစ်တယ်။ ဘယ်သူဆုံးရှုံး ဆုံးရှုံး နိုင်ငံသားတွေပဲ ဆုံးရှုံးတာဖြစ်ပါတယ်"

လုံခြုံရေးတပ်ဖွဲ့ဝင်တွေသာမကပဲ ပြည်သူလူထုအပေါ် ဒလန်စွပ်စွဲတိုက်ခိုက်တာတွေ၊ ရဟန်းတွေနဲ့ ကျောင်းဆရာ၊ ဆရာမတွေကိုပါ တိုက်ခိုက်တာတွေအပြင် ဗုံးထောင် ဗုံးခွဲတိုက်ခိုက်တာတွေဟာ မြို့ပေါ်နဲ့ ကျေးရွာတချို့မှာပါ ဖြစ်ပွားနေတယ်လို့ သူက ဆက်ပြောပါတယ်။

NUG ရဲ့ ထုတ်ပြန်ချက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ဘယ်လောက်အထိ ကျဆုံးတယ်ဆိုတာ ကိုတော့ ထည့်သွင်းဖော်ပြထားတာမရှိပါဘူး။

တိုက်ပွဲဖြစ်ပွားမှုတွေဟာ ကရင်ပြည်နယ်မှာ ၂၃၈ ကြိမ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၁၈၉ ကြိမ်၊ ရန်ကုန်တိုင်းနဲ့ မကွေးတိုင်းမှာ ၄၅ ကြိမ်စီ ဖြစ်ပွားခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဗုံးပေါက်ကွဲမှု အကြိမ်ရေအများဆုံးအနေနဲ့ ရန်ကုန်တိုင်းမှာ ၁၇၃ ကြိမ်နဲ့ မန္တလေးတိုင်းမှာ အကြိမ် ၆၀၊ စစ်ကိုင်းတိုင်း မှာ ၅၇ ကြိမ် ဖြစ်ပွားခဲ့တယ်လို့လည်းပါရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org