ရခိုင်ပြည်သူတွေအပေါ် ပျက်ကွက်ခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ရကြောင်း NUG ပြော
ရခိုင်ပြည်နယ်က စစ်ရေး၊ နိုင်ငံရေး ပဋိပက္ခတွေကြောင့် နည်းမျိုးစုံနဲ့ ထိခိုက်နာကျင်ခဲ့ရတဲ့ ရခိုင်ပြည်သူတွေအပေါ် ပျက်ကွက်ခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ပြီး ရခိုင်ပြည်သူတွေ တရားမျှတမှု ပြန်လည်ရရှိဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG က ဒီနေ့ ကျရောက်တဲ့ ရခိုင်အမျိုးသားနေ့မှာ ပြောလိုက်ပါတယ်။
- 2022-05-15
-
-
-
ရခိုင်ပြည်နယ်က စစ်ရေး၊ နိုင်ငံရေး ပဋိပက္ခတွေကြောင့် နည်းမျိုးစုံနဲ့ ထိခိုက်နာကျင်ခဲ့ရတဲ့ ရခိုင်ပြည်သူတွေအပေါ် ပျက်ကွက်ခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ပြီး ရခိုင်ပြည်သူတွေ တရားမျှတမှု ပြန်လည်ရရှိဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ပူးပေါင်း ဆောင်ရွက်သွား မယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG က ဒီနေ့ ကျရောက်တဲ့ ရခိုင်အမျိုးသားနေ့မှာ ပြောလိုက်ပါတယ်။
ကဆုန်လပြည့်ကျော် တစ်ရက်နေ့ မေလ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ ၉ ကြိမ်မြောက် ရခိုင်အမျိုးသားနေ့ အတွက် NUG က ပေးပို့တဲ့ သဝဏ်လွှာမှာ အခုလိုထည့်သွင်း ပြောကြားထားတာဖြစ်ပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လိုလားကြတဲ့ တိုင်းရင်းသားတွေအားလုံး ပြည်ထောင်စု မြန်မာနိုင်ငံကို အသစ်တစ်ဖန် ပြန်လည်တည်ဆောက်ဖို့ ကြိုးစားနေချိန်မှာ ရခိုင်လူမျိုး အားလုံးရဲ့ ပါဝင်မှုနဲ့ အခန်းကဏ္ဍက အလွန်အရေးကြီးတယ်လို့လည်း ပြောထားပါတယ်။
စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်ဟူသမျှချုပ်ငြိမ်းရေး၊ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ကြိုးစားဆောင်ရွက်မှုတွေ အမြန်အောင် မြင်ဖို့လည်း ဆုမွန်ကောင်းတောင်းတယ်လို့ ဆိုပါတယ်။
မဟာမုနိဗုဒ္ဓရုပ်ပွားတော်မြတ် သွန်းလုပ်ပြီးစီးတဲ့ ကဆုန်လပြည့်ကျော် ၁ ရက်နေ့ကို အမျိုးသားနေ့အဖြစ်သတ်မှတ်ဖို့ ၂ဝ၁၄ ခုနှစ်က ကျောက်ဖြူမြို့နယ်မှာ ကျင်းပတဲ့ ရခိုင်အမျိုးသားညီလာခံမှာ ဆုံးဖြတ်ခဲ့ပြီး နှစ်စဉ်ကျင်းပလာတာ အခုဆို ၉ ကြိမ်ရှိပြီ ဖြစ်ပါတယ်။