တစ်နိုင်ငံလုံး ဒေသခံ သုံးထောင်ကျော် သေဆုံးခဲ့ပြီလို့ NUG ကာကွယ်ရေးဌာန ထုတ်ပြန်

စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း ၂၀၂၁ ခုနှစ် စက်တင်ဘာလကနေ အခုနှစ် ဩဂုတ်လအထိ တစ်နှစ်အတွင်း ဒေသခံ သုံးထောင်ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာလ ၁၂ ရက်မနေ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်မှ လက်ပြန်ကြိုးတုပ်ပြီး ဖမ်းဆီးထားသည့် စစ်ကိုင်းတိုင်း၊ ‌ရေဦးမြို့နယ် မုန်တိုင်ပင်ရွာသားများအား ၂၀၂၂ မေလ ၁ဝ ရက်နေ့က တွေ့ရစဉ် Photo: CJ

စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း ၂၀၂၁ ခုနှစ် စက်တင်ဘာလကနေ အခုနှစ် ဩဂုတ်လအထိ တစ်နှစ်အတွင်း ဒေသခံ သုံးထောင်ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာလ ၁၂ ရက်မနေ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရက်တွေကြောင့် ဒေသခံ ၃၀၁၀ ဦး သေဆုံးခဲ့သလို ၁၉၃၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အဲဒီအထဲမှာ စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံတွေအနေနဲ့ တိုက်ပွဲဖြစ်တယ်ဆိုရင် ဘေးလွတ်ရာကို ရှောင်နေပေးဖို့လိုအပ်ပြီး ကာကွယ်ရေး အဖွဲ့တွေကလည်း ကာကွယ်နိုင်ဖို့ ကြိုးစားသွားမယ်လို့ ယင်းမာပင်မြို့နယ် မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောခွင့်ရသူ ကိုခန့်က RFA ကို ပြောပါတယ်။

“တိုက်ပွဲဖြစ်ပြီဆိုရင် ပြည်သူတွေက တိုက်ပွဲဧရိယာထဲမှာ ရောက်နေတာတွေလည်း ရှိတယ်။ အဲဒါကြောင့် ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားရင် ဘေးလွတ်ရာကို ရှောင်ပေးကြပါ။ ကာကွယ်ရေးတပ်ဖွဲ့တွေ အနေနဲ့ ကတော့ ဖွဲ့စည်းထားတဲ့ ခေါင်းစဉ်တွေနဲ့အညီ ပြည်သူတွေကို ကာကွယ်ပေးဖို့ ကြိုးစား သွားမှာပါ“

ဒါပေမဲ့လည်း ဒေသခံတွေအပေါ် အကြမ်းဖက်တာနဲ့ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံ ရတာတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေ အနေနဲ့ ကာကွယ်ပေးနိုင်မှု အားနည်းနေသေးတယ် လို့ ကိုခန့်က ဆိုပါတယ်။

တော်လှန်ရေးကာလအတွင်း ဒေသခံတွေတင်မကဘဲ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလည်း နေ့စဉ်နီးပါး သေဆုံးမှုတွေရှိနေတယ်လို့ ကိုခန့်က ပြောပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ တစ်နှစ်တာကာလမှာအတွင်း စစ်ကောင်စီတပ်သား ၂၀၅၈၉ ဦးသေဆုံးခဲ့ပြီး ၇၃၁၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထား ပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

တစ်နိုင်ငံလုံးမှာ စစ်ကောင်စီတပ်သားတွေက အရပ်သားတွေအပေါ် အကြမ်းဖက်မှု ၆၃၀၅ ကြိမ် ကျူးလွန်ခဲ့ပြီး အဲဒီထဲမှာ စစ်ကိုင်းတိုင်းက ၁၉၂၃ ကြိမ်နဲ့ အများဆုံးဖြစ်တယ်လို့ ထုတ် ပြန်ချက်မှာ ပါရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org