ကနီမြို့နယ်မှာ ပေတထောင်ကျော် ရှိတဲ့ မြေအက်ကွဲကြောင်း ဖြစ်ပေါ်

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် ချင်းတွင်းမြစ်အနီးက ညောင်ပင်ဝန်းကျေး ရွာမှာ ပေတထောင်ကျော် အရှည်ရှိ တဲ့ မြေအက်ကွဲကြောင်းကြီးဖြစ်ပေါ်နေပြီး လူနေအိမ်လေး လုံးနဲ့ နွားစာထားတဲ့တဲတစ်လုံး ပြောင်းရွှေ့ရမှာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် ညောင်ပင်ဝန်းရွာက မြေအက်ကွဲကြောင်းကို တွေ့ရစဉ် Photo: Tun Min Naing

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် ချင်းတွင်းမြစ်အနီးက ညောင်ပင်ဝန်းကျေးရွာမှာ ပေတထောင်ကျော် အရှည်ရှိတဲ့ မြေအက်ကွဲကြောင်းကြီးဖြစ်ပေါ်နေပြီး လူနေအိမ်လေးလုံးနဲ့ နွားစာထားတဲ့တဲတစ်လုံး ပြောင်းရွှေ့ရ မှာ ဖြစ်ပါတယ်။

မြစ်ရေတိုက်စားမှုကြောင့်မဟုတ်ဘဲ အက်ကြောင်းပေါ်နေတဲ့ မြေကြီးက နိမ့်ဝင်နေတယ်လို့ ညောင်ပင်ဝန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းနိုင် က ပြောပါတယ်။

"အက်ကြောင်းရဲ့အရှည်က ပေ ၁၀၀၀ ကျော်တယ် အိမ်ထိမယ့်ဟာက ပေ ၂၀၀ ကျော်ရှိတယ် အိမ်တွေ ကို ဝိုက်သွားတာ မြစ်ရေတိုက်စားမှုကြောင့် မဖြစ်နိုင်ဘူးဗျ၊ မြစ်ရေတိုက်စားရင်တခါထဲပြိုကျမှာ အခုဟာက အက်ပြီး အောက်ကို အိကျသွားတာ"

မနေ့ကစပြီး အက်ကြောင်းဖြစ်ပေါ်လာတာဖြစ်ပြီး လတ်တလောမှာ လူနေအိမ်တစ်လုံးနဲ့ နွားစာထားတဲ့ တဲတစ်လုံးကို မဖြစ်မနေ ပြောင်းရွှေ့ရမှာဖြစ်ပြီး ပြောင်းရွှေ့ဖို့နေရာ အခက်အခဲရှိနေတယ်လို့လည်း ပြောပါတယ်။

မနှစ်ကလည်း အလားတူ မြေအက်ကွဲကြောင်းတစ်ခုဖြစ်ပေါ်ခဲ့ဖူးပြီး မြေဖို့ခဲ့ရတယ်လို့ သိရပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့အက်ကြောင်းဟာ ကျေးရွာအပြင်ဘက်က လူနေအိမ်တွေအနီးမှာဖြစ်ပြီး ကျေးရွာမှာ အိမ်ထောင်စု ၁၂၀ ကျော်ရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org