အမေရိကန်သမ္မတ အိုဘားမား က ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြု

မြန်မာနိုင်ငံရဲ့ သမိုင်းဝင် အထွေထွေရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရခဲ့တဲ့အတွက် အမေရိကန် သမ္မတ ဘာရက်အိုဘားမားက ချီးကျူးဂုဏ်ပြုကြောင်း ပြော ကြားလိုက်ပါတယ်။

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့က အမေရိကန်သမ္မတ အိုဘားမားနဲ့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲသတင်းစာရှင်းလင်းစဉ် Photo: Myo Zaw Ko/ RFA

မြန်မာနိုင်ငံရဲ့ သမိုင်းဝင်အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရခဲ့တဲ့အတွက် အမေရိကန် သမ္မတ ဘာရက်အိုဘားမားက ချီးကျူးဂုဏ်ပြုကြောင်း ပြောကြားလိုက်ပါတယ်။

သမ္မတ ဘာရက်အိုဘားမားက နိုဝင်ဘာလ ၁၁ရက်နေ့ ညကတယ်လီဖုန်းနဲ့ ပြောကြားလိုက်ကြောင်း အမေရိကန်သံရံုံး က သတင်းထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အားလုံးပါဝင်ပြီး ငြိမ်းချမ်းတဲ့ ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်ပေါ်လာဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဆုတ်မနစ်သောဇွဲ နဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ စွန့်လွှတ် အနစ်နာခံမှုတွေအတွက်လည်း ဂုဏ်ယူကြောင်း ပြောကြားလိုက်ပါတယ်။

ရွေးကောက်ပွဲွကထွက်ပေါ်လာတဲ့ ရလဒ်ကို အဖွဲ့အစည်းအားလုံးနဲ့ ပါတီအားလုံးက လက်ခံပြီးပြည်သူတွေရဲ့ ဆန္ဒကို ထင်ဟပ်မယ့် အစိုးရတစ်ရပ်ထွက်ပေါ် လာရေးဟာ အရေးကြီးကြောင်းနှစ်ဖက်ခေါင်းဆောင်တွေက ဆွေးနွေး ခဲ့ကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org