အစိုးရကို ဖိအားပေးဖို့ အိုဘားမားကို လွှတ်တော်အမတ် ၄၀ ကျော် စာပို့
မြန်မာနိုင်ငံကို အခုလာမယ့်ရက်ပိုင်း အတွင်း သွားရောက် တဲ့အခါမှာ ဒီမိုကရေ စီရေး ပြုပြင်ပြောင်းလဲ မှုတွေ ဖေါ်ဆောင်ရေး မှာအချိန် ဆွဲနေ တာရပ်ဆိုင်းဖို့ ဦးသိန်းစိန်အစိုးရကို ဖိအားပေးပါလို့ အမေရိကန် အောက် လွှတ်တော်အမတ် ၄၀ ကျော်က အမေရိကန်သမ္မတ Mr Obama ကို မနေ့က စာရေးသား တိုက်တွန်းလိုက်ကြပါတယ်။
-
2014-11-07 -
-
-
မြန်မာနိုင်ငံကို အခုလာမယ့်ရက်ပိုင်းအတွင်း သွားရောက်တဲ့အခါမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်း လဲမှုတွေ ဖေါ်ဆောင်ရေးမှာ အချိန်ဆွဲနေတာရပ်ဆိုင်း ဖို့ ဦးသိန်းစိန်အစိုးရကို ဖိအားပေးပါလို့ အမေရိ ကန် အောက်လွှတ်တော်အမတ် ၄၀ ကျော်က အမေရိကန်သမ္မတ Mr Obama ကို မနေ့က စာရေးသားတိုက်တွန်းလိုက်ကြပါတယ်။
အတိုက်အခံ Republican ပါတီ အမတ်တွေဖြစ်ကြတဲ့ Joe Crowley, Steve Cabot, Trent Franks နဲ့ Jim McGovern တို့ ဦးဆောင်ပြီး နိုင်ငံရေးပါတီကြီးနှစ်ခု စလုံးက အောက်လွှတ်တော်အမတ် ၄၀ ကျော် က ပေးစာတစ်စောင်ပေးပို့လိုက်ကြတာပါ။
အဲဒီ့ပေးစာထဲမှာ အမေရိကန် -မြန်မာ ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်လာစေချင်ရင် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ရပ်စဲပေးဖို့နဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပပေးဖို့ Mr Obama အနေနဲ့ တိုက်တွန်းပါလို့လည်း ထည့်သွင်းဖေါ်ပြထား ပါတယ်။
ဒါ့အပြင် မြန်မာပြည်သူတွေအနေနဲ့ သူတို့ လိုလားထောက်ခံတဲ့ပုဂ္ဂိုလ်ကို လွတ်လပ်စွာ ရွေးချယ်တင်မြှောက်နိုင် ခွင့်ရှိအောင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သင့်သလို ပြင်ဆင်ပေးရမှာဖြစ်ကြောင်း၊ ကချင် ရှမ်းစတဲ့ တိုင်းရင်းသားလူမျိုးစုတွေအပေါ် တိုက်ခိုက်နေတာတွေ၊ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ မွတ်စလင်တွေကို အကြမ်းဖက် ဖိနှိပ်နေတာတွေကို ရပ်စဲဖို့နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးမယ်လို့ ကတိပြုထားပြီး ကတိစကား ချိုးဖေါက်နေတာတွေ ရပ်စဲဖို့လိုကြောင်းလည်း အဲဒီ့အမေရိကန် အောက်လွှတ်တော်အမတ်တွေရဲ့ ပေးစာ မှာ ဖေါ်ပြထားပါတယ်။