ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အမေရိကန်သမတ တောင်းဆို
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အမေရိကန် သမတ ဘာရက် အိုဘားမားက အင်ဒိုနီးရှားနိုင်ငံမှာ ရောက်ရှိစဉ် တောင်းဆိုလိုက်ပါတယ်။ အင်ဒိုနီးရှား ပြည်သူတွေထံ တိုက်ရိုက် အသံလွှင့်တဲ့ မိန့်ခွန်းတခုမှာ နိုဝင်ဘာ ၉ ရက် ဒီကနေ့ ညဦးပိုင်းက အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
-
2010-11-09 -
-
-
"အာဆီယံနဲ့ တကမ္ဘာလုံး ရင်ဆိုင်ရမဲ့ အခက်အခဲကတော့ မြန်မာနိုင်ငံအရေး ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံသားတွေရဲ့ အခွင့်အရေးအတွက် ရပ်တည်ပေးဖို့ တောင်းဆိုပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံက ရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်သလို လွတ်လပ်မှုလည်း မရှိပါဘူး။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးနဲ့ လူ့အခွင့်အရေးကို လေးစားတဲ့ နိုင်ငံဖြစ်အောင် မိမိတို့အနေနဲ့ ကြိုးစားသွားမယ်။ ပထမဦးဆုံး အဆင့်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးဖို့ မြန်မာစစ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။"
အမေရိကန် သမတ ဘာရက်အိုဘားမား အင်ဒိုနီးရှားနိုင်ငံကို သွားရောက် လည်ပတ်ဖို့ ပြင်ဆင်ခဲ့တာ ၂ နှစ်ကျော် ကြာခဲ့ပါတယ်။ ဒီနေ့ အိန္ဒိယနိုင်ငံကနေ အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိတာ ဖြစ်ပါတယ်။