အသတ်ခံခဲ့ရတဲ့ အမျိုးသမီးငယ်အမှု တရားခံ ဖမ်းဆီးမိခြင်းမရှိသေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ ချောင်းရိုးကျေးရွာကနေ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ မြို့နယ်မှာ လာရောက်အလုပ်လုပ်ကိုင်ရင်း အသတ်ခံခဲ့ရတဲ့ တတိယနှစ်ကျောင်းသူ မဥမ္မာခိုင် သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး စိစစ်ဆောင်ရွက်ပေးသွားမယ်လို့ နိုင်ငံတော်သမ္မတရုံးက ကာယကံရှင်မိသားစုထံ အကြောင်းကြား စာပေးပို့ထားပါတယ်။

အသတ်ခံခဲ့ရတဲ့ တတိယနှစ်ကျောင်းသူ မဥမ္မာခိုင် ကို တွေ့ရစဉ် Photo: Wai Mar Tun/RFA

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ ချောင်းရိုးကျေးရွာကနေ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ မြို့နယ်မှာ လာရောက်အလုပ်လုပ်ကိုင်ရင်း အသတ်ခံခဲ့ရတဲ့ တတိယနှစ်ကျောင်းသူ မဥမ္မာခိုင် သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး စိစစ်ဆောင်ရွက်ပေးသွားမယ်လို့ နိုင်ငံတော်သမ္မတရုံးက ကာယကံရှင်မိသားစုထံ အကြောင်းကြား စာပေးပို့ထားပါတယ်။

သူမသေဆုံးမှုနဲ့ ပတ်သက်ပြီး လှိုင်သာယာမြို့မရဲစခန်းနဲ့ တောင်ဥက္ကလာရဲစခန်းတို့မှာ အမှုဖွင့်ထားပေမယ့် ၃ လနီးပါးကြာမြင့်ပြီဖြစ်တဲ့ လက်ရှိအချိန်အထိ တရားခံကို ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ သေဆုံးသူရဲ့ ဦးလေး ဦးမင်းလွင် ကပြောပါတယ်။

သေဆုံးခဲ့သူ မဥမ္မာခိုင်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက လှိုင်သာယာမြို့နယ်ကို အလုပ်ရှာဖွေဖို့ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

သူမရဲ့ ငယ်သူငယ်ချင်း မျိုးမြင့်အောင်က ဇန်နဝါရီလ ၃ ရက်နေ့ညမှာ အလုပ်ပေးမယ်ဆိုပြီး ခေါ်ဆောင်သွား ခဲ့ပြီးနောက် ဇန်နဝါရီလ ၁၀ ရက်နေ့မှာ တောင်ဥက္ကလာပမြို့နယ် ပါရမီဘူတာနဲ့ ကန်ဘဲ့ဘူတာကြား ရထားလမ်းဘေးမှာ အဓမ္မပြုကျင့်ခံရပြီး မျက်နှာမီးရှို့ဖျက်ဆီးခံရပြီး သေဆုံးနေခဲ့တာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

မဥမ္မာခိုင် သေဆုံးမှုနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်ပေးဖို့ မိသားစုဝင်တွေက နိုင်ငံတော် သမ္မတရုံး၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ရဲချုပ်တို့ထံ တိုင်တန်းစာပေးပို့ထားတာဖြစ်ပါတယ်။

RFA က အသက် ၂၁ နှစ်အရွယ် မဥမ္မာခိုင် အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့က သတင်းထုတ်လွှင့်ခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org