ရခိုင်ပြည်နယ်အရေး စိုးရိမ်ကြောင်း OIC ပြောဆို

အစ္စလာမ်ဘာသာဝင်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC က ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အခြေ အနေတွေကို စိုးရိမ်ပူပန်ကြောင်း အောက်တိုဘာ ၁၄ ရက်နေ့စွဲနဲ့ ထုတ်ဖေါ်ပြောကြား လိုက်ပါတယ်။

တပ်မတော်သားတချို့ကို အောက်တိုဘာလ ၁၀ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့မှာ တွေ့ရစဉ် Photo: Khaing Htoo Mrat

အစ္စလမ်ဘာသာဝင်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC က ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အခြေ အနေတွေကို စိုးရိမ်ပူပန်ကြောင်း အောက်တိုဘာ ၁၄ ရက်နေ့စွဲနဲ့ ထုတ်ဖေါ်ပြောကြား လိုက်ပါ တယ်။  အောက်တိုဘာလ ၉ ရက်နေ့က မောင်တောဒေသမှာ မြန်မာရဲတပ်ဖွဲ့စခန်းတွေကို သောင်းကျန်းသူတွေ ဝင်ရောက်တိုက်ခိုက်မှုကြောင့် အစိုးရနဲ့ သောင်းကျန်းသူအများအပြား သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး ပြစ်မှုကျူး လွန်သူတွေကို တရားဥပဒေနဲ့ အညီအရေးယူဖို့ OIC ကတောင်းဆိုကြောင်း အဲဒီကြေညာချက်မှာ ဖေါ်ပြထား ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက မောင်တောမြို့နယ်နဲ့ တဝိုက်မှာ ရိုဟင်ဂျာမွတ်စလင်တွေ ဥပဒေမဲ့ သတ်ဖြတ်ခံနေ ရပြီး၊ သူတို့ အိုးအိမ်တွေမီးရှို့ခံရသလို အဓမ္မဖမ်းဆီးမှုတွေ ပေါ်ပေါက်နေတယ်ဆိုတဲ့ သတင်းတွေကို ရရှိ ထားကြောင်းနဲ့ ရိုဟင်ဂျာမွတ်စလင်တွေ ကျေးရွာတွေက ထွက်ပြေးပြီး အစာရေစာ အခက်ကြုံနေရကြောင်း လည်း  OIC က ပြောပါတယ်။

ဒါ့အပြင် OIC  အတွင်းရေးမှူးချုပ် Madani မဒါးနီ က ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်သူအားလုံး အကြမ်းဖက်မှုတွေကို ရှောင်ကျဉ်ပြီး စိတ်ရှည်သည်းခံကြဖို့၊ မြန်မာအစိုးရအနေနဲ့လည်း အဲဒီဒေသ မှာရှိတဲ့ ရိုဟင်ဂျာတွေကို အပြည့်အဝ အကာအကွယ်ပေးဖို့နဲ့ တွေ့ဆုံဆွေးနွေးမှုနဲ့သာ ပြဿနာတွေကို အဖြေရှာဖို့ တိုက်တွန်းကြောင်း စသဖြင့် ဆော်ဒီ အာရေးဗီးယားနိုင်ငံဂျက်ဒါမြို့ကလာတဲ့ သတင်းမှာ ဖေါ်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org