ဘာသာလူမျိုးမခွဲခြားဘဲ အကူအညီပေးလိုကြောင်း အိုအိုင်စီ ပြောကြား
အိုအိုင်စီ ခေါ် အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အဖွဲ့ အတွင်းရေးမှူးချုပ် Dr. Eklemeddin Ihsanoglu က မိမိတို့ အိုအိုင်စီအဖွဲ့ဟာ အစ္စလာမ်ဘာသာရေးအဖွဲ့ မဟုတ်ကြောင်း၊ မြန်မာနိုင်ငံကိုလာရောက်ပြီး အစ္စလာမ်ဘာသာရေး ပြန့်ပွားအောင် ဆောင်ရွက်နေ တာ မဟုတ်ကြောင်း ၊ မွတ်စလင်တွေကိုဘဲကူညီဖို့ လာတာမဟုတ်ကြောင်း ၊ အကြမ်းဖက် ပဋိပက္ခတွေကြောင့် ထိခိုက်နစ်နာရသူအားလုံးကို ခွဲခြားဆက်ဆံမမှုမပြုပဲ ကူညီသွားမှာဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားတွေနဲ့ စစ်တွေ နဲ့ မောင်တောမြို့တွေမှာ တွေ့ဆုံဆွေးနွေးစဉ် ပြောခဲ့ပါတယ်။
-
2013-11-16 -
-
-
Your browser doesn’t support HTML5 audio
အိုအိုင်စီ ခေါ် အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အဖွဲ့ အတွင်းရေးမှူးချုပ် Dr. Eklemeddin Ihsanoglu က မိမိတို့ အိုအိုင်စီအဖွဲ့ဟာ အစ္စလာမ်ဘာသာရေးအဖွဲ့ မဟုတ်ကြောင်း၊ မြန်မာနိုင်ငံကိုလာရောက်ပြီး အစ္စလာမ်ဘာသာရေး ပြန့်ပွားအောင် ဆောင် ရွက်နေတာ မဟုတ်ကြောင်း ၊ မွတ်စလင်တွေကိုဘဲ ကူညီဖို့ လာတာမဟုတ်ကြောင်း ၊ အကြမ်းဖက် ပဋိပက္ခတွေကြောင့် ထိခိုက်နစ်နာရသူအားလုံးကို ခွဲခြားဆက်ဆံမမှုမပြုပဲ ကူညီသွားမှာဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားတွေနဲ့ စစ်တွေနဲ့ မောင်တော မြို့တွေမှာ တွေ့ဆုံဆွေးနွေးစဉ် ပြောခဲ့ပါတယ်။
အခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ မောင်တောမြို့နားက ဒုက္ခသည်စခန်းတွေကို နိုဝင်ဘာလ ၁၅ ရက်နေ့က သွားရောက်ကြည့်ရှုခဲ့သလို ဒေသခံရခိုင် တိုင်းရင်းသားတွေအပြင် အစ္စလာမ်ဘာသာဝင်တွေ နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။
စစ်တွေမြို့နဲ့ ရန်ကုန်မြို့တွေမှာ ရခိုင်တိုင်းရင်းသားတွေက အိုအိုင်စီကို အလိုမရှိကြောင်း မနေ့က ဆန္ဒပြခဲ့ကြသလို ဒီကနေ့မှာလည်း ကျောက်ဖြူ၊ မြောက်ဦးနဲ့ မင်းပြားမြို့တွေမှာ ဆက်လက် ဆန္ဒပြခဲ့ကြပါတယ်။
အိုအိုင်စီအဖွဲ့ဟာ နေပြည်တော်မှာ နိုဝင်ဘာလ ၁၄ ရက်နေ့က ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းအပြင် လွှတ်တော် ဒုတိယဥက္ကဌ ဦးနန္ဒကျော်စွာနဲ့လည်း တွေ့ဆုံခဲ့သလို လွှတ်တော်ကိုယ်စားလှယ်တချို့နဲ့ လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် ဟိန္ဒူ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်နဲ့ အစ္စလာမ်အဖွဲ့တွေက ကိုယ်စားလှယ်နှစ်ဦးစီနဲ့ ဖွဲ့စည်းထားတဲ့ the Interfaith Friendship Group နဲ့လည်း နေပြည်တော်မှာ နိုဝင်ဘာလ ၁၄ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အိုအိုင်စီအဖွဲ့ကို အစ္စလာမ်ဘာသာဝင် အများစုနေထိုင်တဲ့ နိုင်ငံပေါင်း ၅၇ နိုင်ငံက ခေါင်းဆောင်တွေနဲ့ ၁၉၆၉ ခုနှစ်မှာ ဖွဲစည်းထားတာ ဖြစ်ပြီး လက်ရှိအိုအိုင်စီ အတွင်းရေးမှူးချုပ် Dr. Eklemeddin Ihsanoglu ဟာ တူရကီနိုင်ငံသားဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC)ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ခွင့်မပြုဖို့ မနေ့ကကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ အရေးကြီးအဆိုတစ်ရပ်တင်သွင်းခဲ့သလို OIC ကန့်ကွက်ဆန္ဒပြပွဲတွေ ဒီကနေ့ ရခိုင်ပြည်နယ် ကျောက်ဖြူ၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တောမြို့တွေမှာ ဆက်လက်ဖြစ်ပွားခဲ့တဲ့အကြောင်း RFA သတင်းထောက် ကိုမင်းသိန်းအောင် သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။
အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်မှာ အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်လို့ သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်ကို RFA အဖွဲ့သူ ဒေါ်သင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့နဲ့ မနေ့က တွေ့ဆုံခဲ့တဲ့ စစ်တွေမြို့အနီး တပိုင်ဒုက္ခသည်စခန်းက အစ္စလာမ်ဘာသာဝင် ဦးသန်းနိုင်ကို RFA ဝိုင်းတော်သား ဦးဝင်းနိုင် ဆက်သွယ်မေးမြန်းထားထားတာ နားဆင်နိုင်ပါတယ်။