ဟူးကောင်းဒေသ ရေနံရှာဖွေမှု ကချင်အဖွဲ့ ကန့်ကွက်

ကမ္ဘာပေါ်မှာ ရှားပါးတဲ့ ကျားသတ္တဝါတွေ ခိုအောင်း နေထိုင်တဲ့ ကချင်ပြည်နယ် ဟူးကောင်း ချိုင့်ဝှမ်း ဒေသမှာ စင်ကာပူနဲ့ ဂျပန် ကုမ္ပဏီတွေ ပေါင်းပြီး ရေနံ သဘာဝ ဓာတ်ငွေ့ စမ်းသပ် ရှာဖွေဖို့ မြန်မာ အစိုးရနဲ့ မေလ ၄ ရက်နေ့မှာ သဘောတူ လက်မှတ် ရေးထိုးလိုက်ကြ ပါတယ်။

မြန်မာနိုင်ငံ မြောက်ဖျား၊ ကချင်ပြည်နယ်နှင့် အိန္ဒိယ နယ်စပ်ရှိ ဟူးကောင်းတောင်ကြား ဒေသ တည်နေရာပြ မြေပုံ ဖြစ်ပါသည်။ (RFA Map) (RFA Map)
စင်ကာပူ ရေနံ ရှာဖွေရေး ကုမ္ပဏီတွေ ဖြစ်တဲ့ (Silver Wave) နဲ့ (BFI) ကုမ္ပဏီတွေက ဂျပန်နိုင်ငံ Star Field/ Star Holding စတဲ့ ကုမ္ပဏီတွေနဲ့ ပေါင်းပြီး ဟူးကောင်း ချိုင့်ဝှမ်းမှာ ရေနံ သဘာ၀ ဓါတ်ငွေ့ စမ်းသပ် ရှာဖွေဖို့ ဖြစ်ပါတယ်။

မြန်မာ အစိုးရက အခု ခွင့်ပြုလိုက်တဲ့ လုပ်ကွက်အမှတ် (B2) ဟာ စတုရန်း ကီလိုမီတာ (၂) သောင်းနီးပါး ရှိပြီး ရှားပါး ကျားသတ္တဝါတွေ နေထိုင်တာကြောင့် ကျားမျိုးတုန်းမယ့် အန္တရယ်နဲ့ ရင်ဆိုင်ရဖို့ ရှိတာကို ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ယက် KDNG အဖွဲ့က ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်တယ်လို့ အဖွဲ့ရဲ့ ပြောခွင့်ရသူ ကချင် အမျိုးသားတဦးက ပြောပါတယ်။

" ကျားမျိုးတုန်းမှာ စိုးရိမ်တာလည်း ပါတာပေါ့။ ဒါပေမဲ့ အဓိက ကတော့ ဟူးကောင်းချိုင့်ဝှမ်းမှာ ရှိတဲ့ ရွာတွေကို ကုမ္ပဏီတွေက အကုန်လုံး ပြောင်းခိုင်းတာ။"

ပြီးခဲ့တဲ့ ၂၀၀၈ခုနှစ်တုန်းကလဲ Nobel Oil အမည်ရှိတဲ့ ရုရှား ရေနံရှာဖွေရေး ကုမ္ပဏီက ဟူးကောင်း ချိုင့်ဝှမ်းဒေသမှာ ရေနံ စမ်းသပ် ရှာဖွေခွင့် ရခဲ့ဖူးတယ်လို့ KDNG အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

စင်္ကာပူနဲ့ ဂျပန် ဖက်စပ် ကုမ္ပဏီတွေက ဒေါ်လာသန်း (၁၀၀) စတင် ရင်းနှီး မြှုပ်နှံပြီး စမ်းသပ ်တူးဖေါ်မယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org