ခင်ဦးမြို့က စစ်ကောင်စီသတင်းပေးတစ်ဦး အသတ်ခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ငါးတွင်းကြီးရွာက စစ်ကောင်စီ သတင်းပေးလို့ နာမည်ထွက်နေသူ ကိုကျော်သူဝင်းဟာ အောက်တိုဘာလ ၄ ရက်၊ ဒီနေ့မနက်ပိုင်းမှာ ဓားနဲ့ ခုတ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့တစ်နေရာကို တွေ့ရစဉ် Photo: Citizen Journalist

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ငါးတွင်းကြီးရွာက စစ်ကောင်စီသတင်းပေးလို့ နာမည်ထွက်နေသူ ကိုကျော်သူဝင်းဟာ အောက်တိုဘာလ ၄ ရက်၊ ဒီနေ့မနက်ပိုင်းမှာ ဓားနဲ့ ခုတ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၂၇ နှစ်အရွယ် ကိုကျော်သူဝင်းရဲ့ အလောင်းကို ဓားဒဏ်ရာတွေနဲ့အတူ ဒီနေ့မနက် ၈ နာရီခွဲခန့် ရွာရဲ့ ယာခင်းထဲမှာ ပြန်တွေ့ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

သူဟာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဟောင်းရဲ့ သားဖြစ်ပြီး ငါးတွင်းကြီးရွာမှာ ဒေသခံ ကာကွယ်ရေးအဖွဲ့ ရှိတယ်လို့လည်း စစ်ကောင်စီကို သတင်းပေးဖူးကြောင်း ဒေသခံက ဆိုပါတယ်။

စစ်ကိုင်းတိုင်းအခြေစိုက် တောကြီးမြွေဟောက် - ခင်ဦး (King Cobra – Khin Oo) အဖွဲ့ကတော့ ဒီသတ်ဖြတ်မှုကို သူတို့အဖွဲ့က လုပ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၂ ရက်နေ့ ညပိုင်းကလည်း ခင်ဦးမြို့နယ် ပျဉ်ထောင်ရွာက စစ်ကောင်စီသတင်းပေး ပျူစောထီး တပ်ဖွဲ့ဝင်သုံးဦးကို တောကြီးမြွေဟောက်အဖွဲ့ကပဲ သတ်ဖြတ်ခဲ့တယ်လို့ ကြေညာထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org