မလေးရှားမှာ မြန်မာတစ်ဦး အသတ်ခံရ

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က စားသောက်ဆိုင်တစ်ဆိုင်မှာ မြန်မာ အမျိုးသမီး အလုပ်သမားတစ်ဦး လည်ပင်း မှာ ဓါးဒဏ်ရာနဲ့ သေဆုံးနေတာတွေ့ရတယ်လို့ မလေးရှား ကလာတဲ့ သတင်းတစ်ပုဒ်မှာ ဖေါ်ပြထားပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က စားသောက်ဆိုင်တစ်ဆိုင်မှာ မြန်မာအမျိုးသမီး အလုပ်သမားတစ်ဦး လည်ပင်းမှာ ဓါးဒဏ်ရာနဲ့ သေဆုံးနေတာတွေ့ရတယ်လို့ မလေးရှားကလာတဲ့ သတင်းတစ်ပုဒ်မှာ ဖေါ်ပြထားပါတယ်။

သေဆုံးသူဟာ အသက် ၃၁ နှစ်အရွယ်ဖြစ်ပြီး၊ သူ့ကို ဆိုင်ရဲ့ဒုတိယထပ်မှာ ဒဏ်ရာနဲ့သေဆုံးနေတာ တွေ့ရကြောင်း ၊ သူ့ဘေးမှာ မီးဖိုချောင်းသုံး ဓါးနှစ်ချောင်းတွေ့ရသလို၊ ခေါင်းမှာလဲ အဝတ်အိပ်နဲ့ စွပ်ထားတယ်လို့ ရဲအရာရှိကပြော ပါတယ်။

အဲဒီအချိန်က သူ့အမျိုးသားကလဲ တခြားနေရာမှာ အလုပ်ဆင်းနေတယ်လို့ ဆိုပါတယ်။ ဒီအမှုအတွက် သေဆုံး သူမြန်မာအမျိုးသမီးနဲ့ လုပ်ဖေါ်ကိုင်ဖက် အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦးကို သံသယဖြစ်ထားပြီး အဲ့ဒီလူကိုဖမ်းမမိသေးဘူးလို့ဆိုပါတယ်။

ပဏာမစစ်ဆေးတွေ့ရှိချက်အရ သေဆုံးသူအမျိုးသမီးဟာ သံသယဖြစ်ထားသူဆီက မလေးရှား ရင်းဂစ်ငွေ ၅ ထောင်ကို ခိုးယူထားတယ်လို့ စွပ်စွဲခံထားရတယ်လို့ ရဲအရာရှိကပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org