ဒုတပ်ကြပ်တစ်ဦး CDF မတူပီနဲ့ ပူးပေါင်း

ချင်းပြည်နယ် မတူပီမြို့ အခြေစိုက် ခမရ ၃ဝ၄ တပ်ရင်းက အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင် ဒုတပ်ကြပ် ဆန်းလင်းထွေးဆိုသူဟာ လက်နက်အပြည့်အစုံနဲ့ CDF မတူပီတပ်ရင်း ၄ ဆီမှာ ဖေဖော်ဝါရီလ ၃ ရက်နေ့က CDM လုပ်ဖို့အလင်းဝင်လာခဲ့တယ်လို့ CDF မတူပီ တပ်ရင်း ၄ ပြန်ကြားရေး တာဝန်ခံက RFA ကိုပြောပါတယ်။

မတူပီမြို့ အခြေစိုက် ခမရ ၃ဝ၄ တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ဒုတပ်ကြပ် ဆန်းလင်းထွေး ကို တွေ့ရစဉ် Photo: CDF-Matupi (B4)

ချင်းပြည်နယ် မတူပီမြို့ အခြေစိုက် ခမရ ၃ဝ၄ တပ်ရင်းက အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင် ဒုတပ်ကြပ် ဆန်းလင်းထွေးဆိုသူဟာ လက်နက်အပြည့်အစုံနဲ့ CDF မတူပီ တပ်ရင်း ၄ ဆီမှာ ဖေဖော်ဝါရီလ ၃ ရက်နေ့က CDM လုပ်ဖို့အလင်းဝင်လာခဲ့တယ်လို့ CDF မတူပီ တပ်ရင်း ၄ ပြန်ကြားရေး တာဝန်ခံက RFA ကိုပြောပါတယ်။

ဒုတပ်ကြပ် ဆန်းလင်းထွေးဆီမှာ မြန်မာစစ်တပ်က ကိုင်တဲ့ MA 2 တစ်လက်နဲ့ ကျည်ဆံ ၄၅ တောင့် ပါလာခဲ့‌ပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

သူဟာ ချင်းပြည်နယ် မတူပီ အခြေစိုက် ခမရ ၃ဝ၄ တပ်ရင်းမှာ တာဝန်ထမ်းဆောင်တာ ၂ နှစ်လောက်ရှိနေပြီဖြစ်ပါတယ်။ CDF မတူပီအနေနဲ့ ခွင့်ပြုမယ်ဆိုရင် ဒေသကာကွယ်ရေး တပ်ဖွဲ့တွေနဲ့အတူ လက်ရှိအာဏာသိမ်းစစ်ကောင်စီကို တိုက်ခိုက်ချင်တဲ့အကြောင်း ပြောတယ်လို့လည်း သိရပါတယ်။

ဒုတပ်ကြပ် ဆန်းလင်းထွေးနဲ့ဆိုရင် CDF မတူပီ တပ်ရင်း ၄ ကို ပူးပေါင်းလာတဲ့ တပ်မတော်သား နှစ်ဦး ရှိပါပြီ။ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်တပ် အာဏာသိမ်းမှု ကို ဆန့်ကျင်ပြီး CDM လုပ်ထားတဲ့ စစ်သား ၂ဝဝဝ ကျော်နဲ့ ရဲတပ်ဖွဲ့ဝင် ၆ဝဝဝ ကျော် စုစုပေါင်း ၈၀၀၀ ကျော်ရှိနေပြီလို့ ပြည်သူ့ရင်ခွင်အဖွဲ့က ပြောထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org