ကယားက တစ်ပတ်တာတိုက်ပွဲ စစ်တပ်က လေကြောင်းကနေ ဆယ်ကြိမ်တိုက်ခိုက်

ကယား (ကရင်နီ) ပြည်နယ်ထဲက လွိုင်ကော်အပါအဝင် မြို့လေးမြို့မှာ ဧပြီလ ၉ ရက်ကနေ ၁၄ ရက်အထိ စစ်ကောင်စီတပ်နဲ့ ကရင်နီ လက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲတွေ နေ့စဉ်နီးပါး ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက် ၅၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းတွင် ၂၀၂၂ ခုနှစ် ဧပြီလ ၄ ရက်နေ့က စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ထီးသဲကလိုးကျေးရွာရှိ နေအိမ်တစ်လုံးပျက်စီးခဲ့စဉ် Photo: Karenni Nationalities Defense Force -KNDF B-10

ကယား (ကရင်နီ) ပြည်နယ်ထဲက လွိုင်ကော်အပါအဝင် မြို့လေးမြို့မှာ ဧပြီလ ၉ ရက် ကနေ ၁၄ ရက်အထိ စစ်ကောင်စီတပ်နဲ့ ကရင်နီ လက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ တွေ နေ့စဉ်နီးပါးဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက် ၅၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနဲ့ ဘောလခဲ မြို့နယ်တွေမှာ ခြောက်ရက်တာ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး နောက်ထပ်လည်း တိုက်ပွဲတွေထပ်ဖြစ်လာနိုင်သေးတယ်လို့ KNDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက RFA ကို ပြောပါတယ်။

“ဒီနေ့ကတော့ တိုက်ပွဲမရှိဘူး၊၊ စစ်ကောင်စီဘက်က အထိနာလို့ ပြန်ဆုတ်သွားတဲ့ သဘောရှိတယ်။ အချိန်မရွေးတော့ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်နိုင်တယ်။ ဒီဘက်က ပျောက်ကြားစနစ်နဲ့ မိုင်းဆွဲတိုက်တာတွေရှိတော့ စစ်ကောင်စီဘက်က အထိနာ တာများတယ်“

အဲဒီ ခြောက်ရက်တာတိုက်ပွဲအတွင်း ကရင်နီလက်နက်ကိုင်တပ်ဖွဲ့တွေဘက်ကလည်း ဆယ်ဦး သေဆုံးခဲ့ရာမှာ အသက် ၁၈ နှစ်ကနေ ၃၀ ကြားရှိတဲ့ လူငယ်တွေဖြစ်တယ်လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က ဧပြီလ ၁၂ ရက်နေ့က တစ်ရက်တည်းမှာ လေကြောင်းကနေ ဆယ်ကြိမ် တိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူတွေကို သတ်ဖြတ်တာ၊ နေအိမ်တွေကို မီးရှို့တာ၊ လက်နက်ကြီးတွေနဲ့ ရွာတွေကို တိုက်ခိုက်တာ၊ ရွာထဲမှာ မြေမြုပ်မိုင်းထောင်တာတွေ လုပ်ခဲ့တယ်လို့ ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ လေကြောင်းတိုက်ခိုက်မှုတွေမှာ လေယာဉ်ပေါ်က ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်တာရှိပေမယ့် ဗုံးကြဲတာမျိုးတော့ မရှိဘူးလို့ စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက RFA ကို ဖြေဆိုခဲ့ဖူးပါတယ်။

လွိုင်ကော်မြို့နယ်ထဲ တိုက်ပွဲပြင်းထန်နေလို့ ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာကို ပြောင်း ရွှေ့ပေးကြဖို့ KNDF B-12 က ဧပြီလ ၁၄ ရက် မနက်ပိုင်းက ထုတ်ပြန်ထားပါတယ်။

လူဦးရေ သုံးသိန်းလောက် နေထိုင်ကြတဲ့ ကယားပြည်နယ်မှာ စစ်အာဏာသိမ်းပြီး ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ပြည်နယ်ရဲ့ သုံးပုံ နှစ်ပုံဖြစ်တဲ့ လူနှစ်သိန်းနီးပါးဟာ အိုးအိမ်တွေကို စွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org