ပုသိမ်ခရိုင် ကြိုးဝိုင်းအတွင်း ဆင်ဖြူလေး တစ်ကောင်ဖမ်းမိ

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်ခရိုင်က သစ်တော ကြိုးဝိုင်း တစ်ခုမှာ ဆင်ဖြူမကလေး တစ်ကောင်ကို သောကြာနေ့က ဖမ်းဆီးရမိခဲ့ တယ်လို့ သစ်တောဌာန အရာရှိတစ်ဦးက ပြော ကြားလိုက်ပါတယ်။

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်ခရိုင်က သစ်တော ကြိုးဝိုင်းတစ်ခုမှာ ဆင်ဖြူမကလေး တစ်ကောင်ကို သောကြာနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ သစ်တောဌာန အရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။

အသက် ၇ နှစ်လောက်ရှိတဲ့ ဆင်ဖြူမလေးကို  လွန်ခဲ့တဲ့ တစ်လခွဲလောက်ကထဲက  သစ်တော ကြိုးဝိုင်းထဲမှာ တွေရှိခဲ့ ကြပြီး အခု ဖမ်းမိလိုက်တာလို့  သစ်တောဌာန အရာရှိ ဦးထွန်းထွန်းဦးက ပြောပါတယ်။

အဲ့ဒီ ဆင်ဖြူလေးဟာ အရပ် ၆ ပေ ၃ လက်မ အမြင့်ရှိပြီး ဆင်ရိုင်းတစ်ကောင်သာ ဖြစ်နေသေးလို့ သူရော ဝန်ထမ်းတွေ ပါ အထိအခိုက် မရှိရအောင် သတိကြီးစွာထားနေကြရတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အရင်က ဆင်ဖြူ ရှစ်ကောင် ဖမ်းမိနိုင်ခဲ့ပြီး  အခုဖမ်းမိတာဟာ ကိုးကောင်မြောက် ဖမ်းမိတဲ့ ဆင်ဖြူ ကလေး ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org