ပခုက္ကူမြို့က လူငယ်တစ်ဦး အဖမ်းခံရ

မကွေးတိုင်း၊ ပခုက္ကူမြို့က အသက် ၂၅ နှစ်အရွယ် အမျိုးသား တစ်ဦးကို အောက် တိုဘာ ၁၂ ရက်နေ့ မနေ့ ညနေပိုင်းမှာ စစ်ကောင်စီက အရပ်ဝတ်တွေနဲ့ လာရောက် ဖမ်းသွားတယ်လို့ အဖမ်းခံရသူနဲ့ နီးစပ်သူတွေက ပြောပါတယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ၂၀၂၁ မေ ၂၂ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ် Photo: CJ

မကွေးတိုင်း၊ ပခုက္ကူမြို့က အသက် ၂၅ နှစ်အရွယ် အမျိုးသား တစ်ဦးကို အောက်တိုဘာ ၁၂ ရက်နေ့ မနေ့ ညနေပိုင်းမှာ စစ်ကောင်စီက အရပ်ဝတ်တွေနဲ့ လာရောက်ဖမ်းသွားတယ်လို့ အဖမ်းခံရသူနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပခုက္ကူမြို့၊ ၁၅ ရပ်ကွက်၊ ဆင်ပေါက်လှ (ကွက်သစ်)၊ ၁၆ လမ်းမှာနေထိုင်တဲ့ ကိုအောင်မျိုးဝင်းရဲ့ နေအိမ်ကို မနေ့ ညနေ ၅ နာရီခွဲမှာ အရပ်ဝတ်နဲ့ စစ်ကောင်စီတပ်သားတွေ Toyota Mark II ကားတစ်စီးရောက်လာခဲ့ပြီး ဖမ်းသွားတာလို့ အဖမ်းခံရသူနဲ့နီးစပ်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ တစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့က ဖမ်းသွားတာ၊ အဲဒီကောင်လေးက PDF မဟုတ်ဘူးဆိုတာ ကျွန်နော် သိတယ်၊ အာမခံနိုင်တယ်၊ ဒီနေ့မနက် ကျနော်ကြားရတာတော့ တပ်မ ၁၀၁ ပခုက္ကူတပ်ထဲကို ရောက်နေတယ်တဲ့” လို့ နီးစပ်သူက ဆိုပါတယ်။

အိမ်အနားက အခြားတစ်ယောက်ကို လာရောက်ဖမ်းဆီးချိန် သူ့ကိုမတွေ့တာကြောင့် ကိုအောင်မျိုးဝင်းကို ဖမ်းသွားတာဖြစ်ပြီး လက်ရှိအချိန်အထိ ဘာကြောင့်ဖမ်းဆီးသွားတာလဲဆိုတာနဲ့ ဘယ်နေရာမှာ ဖမ်းဆီး ထားလဲဆိုတာ မိသားစုအနေနဲ့ တိတိကျကျမသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ကိုအောင်မျိုးဝင်းဟာ အရင်က ရန်ကုန်မြို့က စက်မှုဇုန်တစ်ခုမှာ အလုပ်လုပ်နေသူဖြစ်ပြီး စက်ရုံ ပိတ်ထား တာကြောင့် ဇနီးဖြစ်သူရဲ့နေအိမ်မှာ လာရောက်နေထိုင်နေတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org