အွန်လိုင်းဗီဇာစနစ်ကြောင့် ခရီးသွား ငါးသန်းအထိ လာမယ်လို့ မြန်မာမျှော်လင့်

မြန်မာနိုင်ငံ ပြည်ဝင်ခွင့်ဗီဇာအတွက် အင်တာနက် အွန်လိုင်းကနေ တဆင့် လျှောက်ထားလို့ရတဲ့ e-visa စနစ်ကြောင့် လာမယ့် ၂၀၁၅ ခုနှစ်မှာ နိုင်ငံခြားသား ခရီးသွားဦးရေ ၅ သန်းအထိ ဝင်ရောက်လာနိုင်တယ်လို့ မျှော်လင့်နေပါတယ်။

မြန်မာနိုင်ငံ ပြည်ဝင်ခွင့်ဗီဇာအတွက် အင်တာနက် အွန်လိုင်းကနေတဆင့် လျှောက်ထားလို့ရတဲ့ e-visa စနစ်ကြောင့် လာမယ့် ၂၀၁၅ ခုနှစ်မှာ နိုင်ငံခြားသားခရီးသွားဦးရေ ၅ သန်း အထိ ဝင်ရောက်လာနိုင်တယ်လို့ မျှော်လင့်နေပါတယ်။

e-visa စနစ် စက်တင်ဘာလ ၁ ရက် မနေ့ကစတင်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ အီတလီ စတဲ့ ဥရောပနိုင်ငံတွေအပြင် တရုတ်၊ ဂျပန်နဲ့ မြောက်ကိုရီးယားနဲ့ အာဆီယံနိုင်ငံတွေအပါအဝင် နိုင်ငံပေါင်း ၄၁ နိုင်ငံက ခရီးသွားတွေအတွက် အဓိကလျှောက်ထားခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

e-visa စနစ်နဲ့လျှောက်ထားရာမှာ နေထိုင်ခွင့် ၂၈ ရက်အတွက် ဗီဇာကြေး အမေရိကန်ဒေါ်လာ ၅၀ သတ်မှတ်ထားပါတယ်။ လျှောက်ထားမှုကို လက်ခံ၊ မခံ တစ်နာရီအတွင်း အကြောင်းပြန်ကြားမှာဖြစ်ပြီး၊ ပြည်ဝင်ခွင့်ပြု၊ မပြုကို ၅ ရက်အတွင်း အကြောင်းပြန်ကြားမယ်လို့ သိရပါတယ်။

အခု စတင်စမ်းသပ်တဲ့  e-visa စနစ်ဟာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေတဆင့် ဝင်ရောက်လာမယ့် ခရီးသည်တွေအတွက် စတင်လိုက်တာပါ။ e-visa စနစ် အောင်မြင်မှုပေါ် မူတည်ပြီး တခြားနိုင်ငံတကာလေ ဆိပ်တွေအပြင် မြန်မာနိုင်ငံတွင်း ဝင်ရောက်နိုင်တဲ့ နယ်စပ် ဝင်ထွက်ပေါက်တွေအားလုံးကနေ ခွင့်ပြုသွားမယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org