မြန်မာ့အပြောင်းအလဲ နယူးဇီလန် အသိအမှတ်ပြုပြီး သံရုံးသစ် ဖွင့်လှစ်

မြန်မာနိုင်ငံက နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်း လဲတာတွေကို အသိမှတ်ပြုတဲ့အနေနဲ့ မြန်မာနိုင်ငံမှာ ပထမဆုံး နယူးဇီလန် အစိုးရသံရုံးကို ဖွင့်လှစ်လိုက်တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီး Murray McCully က ကြေညာလိုက်ပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန်ကို နယူးဇီလန် ဘုရင်ခံချုပ် Lt Gen the Rt Hon Sir Jerry Mateparae က ကြိုဆိုခဲ့စဉ် photo: President Office Website

မြန်မာနိုင်ငံက နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်း လဲတာတွေကို အသိမှတ်ပြုတဲ့အနေနဲ့ မြန်မာနိုင်ငံမှာ ပထမဆုံး နယူးဇီလန် အစိုးရသံရုံးကို ဖွင့်လှစ်လိုက်တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီး Murray McCully က ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မြန်မာနိုင်ငံက နိုင်ငံရေး စီးပွားရေး ဆောင်ရွက်ချက်တွေမှာ တိုးတက်မှုတွေ ရှိခဲ့တာကို တုံ့ပြန်ဆောင်ရွက်တဲ့အနေနဲ့ သံရုံးဖွင့်လှစ် တာဖြစ်ကြောင်း၊ နယူးဇီလန်အနေနဲ့ မြန်မာနိုင်ငံဖွံ့ဖြိုးရေး အကူအညီတွေကို တိုးမြင့်ပေးအပ်ခဲ့ပြီး နို့ထွက်ပစ္စည်း လုပ်ငန်းနဲ့ နည်းပညာအထောက်အကူတွေ ပေးအပ် ခဲ့ကြောင်း Mr. McCully က မနေ့က ပြောပါတယ်။

Mr. McCully ဟာ မနှစ်က မြန်မာနိုင်ငံကို အလည်အပတ် လာရောက်ခဲ့သူတစ်ဦးဖြစ်ပြီး အဲဒီခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့ပါတယ်။

အခုနှစ် ဧပြီလအထိ မြန်မာနိုင်ငံကို နယူးဇီလန်နိုင်ငံက တင်သွင်းတဲ့ ကုန်ပစ္စည်းပမာဏဟာ အမေရိကန်ဒေါ်လာ ၁၉ သန်းနီးပါးရှိခဲ့တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org