တိုးချဲ့ရပ်ကွက် အိမ် ၁၄၀၀ ကျော် ရက်ပိုင်းအတွင်း ဖျက်ဖို့ အမိန့်ထုတ်

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ် မြို့တော်အနီးက ၉၃ တိုးချဲ့ရပ်ကွက်မှာရှိတဲ့ အိမ်ခြေ ၁၄၀၀ ကျော်ကို လာမယ့် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ နောက် ဆုံးထားပြီး နေအိမ်တွေကို ဖျက်ပေးဖို့ ဒဂုံမြို့သစ် ဆိပ်ကမ်း မြို့နယ် အုပ်ချုပ်ရေးမှူးက စာပေးပို့လိုက်ပါတယ်။

ဆင်းရဲသား ရပ်ကွက်တစ်ခုကို မြင်ရစဉ် Photo: RFA / Tyler Chapman

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်အနီးက ၉၃ တိုးချဲ့ရပ်ကွက်မှာ ရှိတဲ့ အိမ်ခြေ ၁၄၀၀ ကျော်ကို လာမယ့် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ နောက်ဆုံးထားပြီး နေအိမ်တွေကို ဖျက်ပေးဖို့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် အုပ်ချုပ်ရေး မှူးက စာပေးပို့လိုက်ပါတယ်။

အဲဒီမှာ နေထိုင်သူတွေက ၉၃ တိုးချဲ့ရပ်ကွက်မှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပပြီး မပြောင်းရွှေ့လိုကြောင်း ပြောပြပါတယ်။ အဲဒီတိုးချဲ့ရပ်ကွက်မှာ နေထိုင်သူတွေက နေရာ အစားထိုးမပေးနိုင်ရင်၊ အစိုးရထံမှာ ငွေပေးဆောင် ရမယ်ဆိုရင်လည်း ပေးဆောင်လိုကြောင်း ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပသူတွေထဲမှာ ပါဝင်တဲ့ ဦးသိန်းအောင်က ပြောပါတယ်။

အဲဒီတိုးချဲ့ရပ်ကွက်မှာ လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်အပြီး ဧရာဝတီတိုင်းကနေ ပြောင်းရွှေ့နေထိုင်ခဲ့ကြသူတွေ ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် တိမ်းရှောင်လာကြသူတွေနဲ့ ရန်ကုန်တိုင်းဒေသကြီး ခရမ်းသုံးခွမြို့နယ်မှာ ကမ်းပါးပြိုလို့ နေစရာမရှိတာကြောင့် ပြောင်းလာသူတွေ နေထိုင်ကြတဲ့ တိုးချဲ့ရပ်ကွက် ဖြစ်ပါတယ်။

လက်ရှိနေတဲ့မြေနေရာတွေဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် မတိုင်ခင်က ခြုံထူထပ်တဲ့ မြေနေရာတွေဖြစ်ပြီး အဲဒီမြေနေရာတွေကို စီးပွားရေးသမားတစ်ချို့က ပေ၂၀× ၃၀ မြေကွက်တွေရိုက်ပြီး တစ်ကွက်ကို ကျပ်သုံးသောင်းကျော်နဲ့ လက်ရှိနေထိုင်နေသူတွေကို ရောင်းချပေးခဲ့တာလို့ ဆိုပါတယ်။

နေထိုင်နေသူတွေမှာ စာရွက်စာတမ်း အထောက်အထားမရှိဘဲ ရောင်းချသူတွေ ဘယ်သူတွေလည်းဆိုတာ မသိဘူးလို့ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org