မြန်မာပြည်မှာ ငါးခူ မျိုးစိတ်သစ်တွေ့ရှိ

မလိခမြစ်အတွင်း တရုပ်သိပ္ပံပညာရှင်တွေ က ရေချိုငခူမျိုးစိတ် အသစ်တမျိုးကို တွေ့ရှိ ခဲ့တယ်လို့ တရုတ်သိပ္ပံအကယ်ဒမီ CAS က မနေ့က သတင်းထုတ်ပြန်ပါတယ်။

မြန်မာပြည်မြောက်ပိုင်းမှာတွေ့တဲ့ Oreoglanis Hponkanensis လို့ အမည်ပေးထားတဲ့ ရေချိုငခူမျိုးစိတ်အသစ်တမျိုးကို တွေ့ရစဉ် Photo: zookeys.pensoft.net

မလိခမြစ်အတွင်း တရုပ်သိပ္ပံပညာရှင်တွေက ရေချိုငခူမျိုးစိတ် အသစ်တမျိုးကို တွေ့ရှိခဲ့တယ်လို့ တရုတ်သိပ္ပံ အကယ်ဒမီ CAS က မနေ့က သတင်းထုတ်ပြန်ပါတယ်။

တရုပ်ပညာရှင်တွေ တွေ့ရှိတဲ့ မျိုးစိတ်သစ်ကို Oreoglanis Hponkanensis လို့ အမည်ပေးထားပြီး ဒီမျိုးစိတ်သစ် ဟာ တွေ့နေကျ ငခူနဲ့ အသွင်အပြင်သဏ္ဍန်ကွာခြားပါတယ်။ အထူးသဖြင့် ပါးစပ်ပိုင်းမှာ မတူဘူးလို့ဆိုပါတယ်။ အဲဒီငါးရဲ့ သွားတွေဟာ အပေါ်မေးရိုးမှာ အပြင်ကို စောင်းနေပြီး အောက်မေးရိုးက သွားတွေကတော့ အတွင်းဘက်ကိုေ စာင်းနေတယ်လို့ ဆိုပါတယ်။

အလားတူ အဲဒီငါးဟာ ခေါင်းပြားသလို သေးငယ်တဲ့မျက်လုံးနဲ့ အရောင်က အညိုဝမ်းဗိုက်သား အဝါရောင်ဝမ်းဗိုက်နဲ့ အဝါကန့်လတ်ဖြတ် အဆင်းတချို့ ခန္ဓာကိုယ်ပေါ်မှာ တွေ့ရတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org