အသင်းအဖွဲ့ဥပဒေမှာ ပြစ်ဒဏ် သတ်မှတ်ချက် မပါဝင် သင့်ကြောင်း တောင်းဆို

၁၉၈၈ ခုနှစ်က ပြဌာန်းထားတဲ့ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေကို အမြန်ဆုံးပယ်ဖျက်ပေးဖို့ လူမှုရေး အသင်းအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။

၁၉၈၈ ခုနှစ်က ပြဌာန်းထားတဲ့ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာဥပဒေကို အမြန်ဆုံးပယ်ဖျက်ပေးဖို့ လူမှုရေး အသင်းအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်း နာရေးကူညီမှုအသင်း(ရန်ကုန်)ရုံးခန်းမှာ မနေ့ကကျင်းပခဲ့တဲ့ အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်း ဆွေးနွေးပွဲအပြီး ထုတ်ပြန်ခဲ့တဲ့ သဘောထားကြေညာချက်ထဲမှာ ထည့်သွင်းဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အဲဒီသဘောထားထုတ်ပြန်ချက်ကို  နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူက ဖတ်ကြားခဲ့ပါတယ်။

ဒါ့အပြင် အသင်းအဖွဲ့များဆိုင်ရာ ဥပဒေအသစ်ပြဌာန်းမယ်ဆိုရင်လည်း အဖွဲ့အစည်းတွေကို မှတ်ပုံတင်တာပဲ လုပ်ဆောင်သင့်ပြီး အသင်းအဖွဲ့တွေရဲ့ လှုပ်ရှားဆောင်ရွက်တာတွေကို ကန့်သတ်ချုပ်ချယ်၊ ပြစ်ဒဏ် သတ်မှတ်တာတွေ မလုပ်သင့်ဘူးဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။

မနေ့ကကျင်းပခဲ့တဲ့ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေကြမ်းဆွေးနွေးပွဲကို လူမှုရေးအသင်းအဖွဲ့ ၃၇ ဖွဲ့က ကိုယ်စားလှယ် ၅ဝဝ ကျော် တက်ရောက်ခဲ့ပါတယ်။

အခုဆိုရင် အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုနိုင်ဖို့အတွက် ပြည်သူ့လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးနေပြီဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org