သီပေါကို စစ်ရှောင် ၁၀၀ ကျော် ထွက်ပြေးလာ

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် တာပုလဲ စွန်လုံ ချောင်းဆုံရွာအနီးမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ အချင်းချင်း တိုက်ပွဲဖြစ်တာကြောင့် ကျေးရွာလေးခုက ​ရွာသားတစ်ရာကျော် သီပေါမြို့ ဘိုတော်ကျောင်းနဲ့ စင့်အင်ဘုန်းကြီးကျောင်းကို ထွက်ပြေးလာနေကြပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်ကို ထွက်ပြေးလာကြတဲ့ ရွာသားများ။ Photo: RFA

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် တာပုလဲ၊ စွန်လုံ၊ ချောင်းဆုံရွာအနီးမှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ အချင်းချင်း တိုက်ပွဲဖြစ်တာကြောင့် ကျေးရွာလေးခုက ​ရွာသားတစ်ရာကျော် သီပေါမြို့ ဘိုတော် ကျောင်းနဲ့ စင့်အင်ဘုန်းကြီးကျောင်းကို ထွက်ပြေးလာနေကြပါတယ်။

ဒီမနက် လေးနာရီထဲက ကျေးရွာအနီး ပစ်ခတ်သံတွေကြားရပြီး ရွာတွေနားအထိ တိုက်ပွဲနီးလာတာကြောင့် ထွက်ပြေးလာကြတာလို့ ကျေးရွာ ရပ်မိရပ်ဖတစ်ဦး RFA ကို ပြောပါတယ်။ RCSSနဲ့ မဟာမိတ်တပ်ပေါင်းစုတွေ တိုက်ပွဲဖြစ်တာလို့ သူကပြောပါတယ်။

ထွက်ပြေးလာသူတွေဟာ သီပေါက ဆွေမျိုးနေအိမ်နဲ့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရပြီး စားစရာတွေ လိုအပ်နေတယ်လို့ ကူညီပေးနေသူက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org