စက်တင်ဘာတစ်လလုံး နိုင်ငံတစ်ဝှမ်းတိုက်ပွဲတွေကြောင့် စစ်ကောင်စီက ခုနစ်ရာကျော် သေဆုံး
စက်တင်ဘာလ တစ်လအတွင်းမှာ တိုက်ပွဲနဲ့ ပဋိပက္ခဖြစ်စဉ်တွေကြောင့် နိုင်ငံတစ်ဝှမ်း စစ်ကောင်စီတပ်က သေဆုံးသူ ၇၆၈ ယောက် ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အောက်တိုဘာ ၈ ရက် မနေ့က ထုတ်ပြန်ပါတယ်။
- 2021-10-09
-
-
-
စက်တင်ဘာလ တစ်လအတွင်းမှာ တိုက်ပွဲနဲ့ ပဋိပက္ခဖြစ်စဉ်တွေကြောင့် နိုင်ငံတစ်ဝှမ်း စစ်ကောင်စီတပ်က သေဆုံးသူ ၇၆၈ ယောက် ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အောက်တိုဘာ ၈ ရက် မနေ့က ထုတ်ပြန်ပါတယ်။
စစ်တပ်ဘက်က အယောက် ၂၂၀ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူတွေဘက်က ၁၆၄ ယောက်သေဆုံးပြီး ဒဏ်ရာရသူ ၁၀၉ ယောက် ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။
စက်တင်ဘာလအတွင်းမှာ တိုက်ပွဲနဲ့ ပဋိပက္ခဖြစ်စဉ်တွေဟာ စစ်ကိုင်းတိုင်းထဲမှာ ၁၈၄ ကြိမ်အထိ ရှိခဲ့သလို အဲဒီအတောအတွင်း စစ်ကောင်စီဘက်က ၁၉၆ ယောက်နဲ့ ပြည်သူ ၈၉ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်လို့ ပြောလို့ရတဲ့ ရန်ကုန်မြို့ဟာတော့ စက်တင်ဘာလအတွင်း ပေါက်ကွဲမှု ၆၅ ကြိမ်အထိ ရှိခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအရ ပေါက်ကွဲမှုဖြစ်စဉ် ၃၄ ရာခိုင်နှုန်းအထိတောင်ရှိလို့ ပေါက်ကွဲမှုအများဆုံးမြို့ ဖြစ်နေတာကို ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာမျိုးတော့ မရှိသေးပါဘူး။