ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၉၀ ကျော်လာ

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၂၁ ရက် ဒီနေ့ မနက် ၈ နာရီ ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာသစ် ၂၆၄ ထပ်တိုးတွေ့ရှိခဲ့ပြီး သေဆုံးသူ နှစ်ဦး ရှိလာတာကြောင့် စုစုပေါင်း သေဆုံးသူ ၉၄ ဦးအထိ ရှိလာပါတယ်။

ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းမြို့နယ်က ရွေ့လျားမော်တော်ယာဉ်ပေါ်မှာ ကျန်းမာရေးစစ်ဆေးခံနေသူတစ်ဦးကို ၂၀၂၀၊ စက်တင်ဘာ ၈ ရက်နေ့က တွေ့ရစဉ် ဓာတ်ပုံ - ဇာဏီထွဏ်း/ RFA

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၂၁ ရက် ဒီနေ့ မနက် ၈ နာရီ ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာသစ် ၂၆၄ ထပ်တိုးတွေ့ရှိခဲ့ပြီး သေဆုံးသူ နှစ်ဦး ရှိလာတာကြောင့် စုစုပေါင်း သေဆုံးသူ ၉၄ ဦးအထိ ရှိလာပါတယ်။

သေဆုံးသူ နှစ်ဦးဟာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ အသက် ၈၄ နှစ်အရွယ် လူနာနံပတ် ၅၃၈၇ နဲ့ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသခံနေတဲ့ အသက် ၆၂ နှစ်အရွယ် လူနာအမှတ် ၅၂၉၉ တို့ ဖြစ်ပါတယ်။

ဒီမနက်အထိ အတည်ပြုလူနာပေါင်း ၅၈၀၅ ဦးရှိပြီး ပြန်လည်ကောင်းမွန်လို့ ဆေးရုံကနေ ဆင်းခွင့်ရသူ ၁၂၆၀ ဦး ရှိပါတယ်။

အတည်ပြုလူနာ အများဆုံး တွေ့ရှိနေတဲ့ ရန်ကုန်တိုင်းအတွင်း ကိုကိုးကျွန်းမြို့နယ်ကလွဲပြီး ကျန် ၄၄ မြို့နယ်မှာ Stay at Home နေအိမ်မှာပဲ နေကြဖို့ မနေ့ညက အမိန့်ထုတ်လိုက်ပါတယ်။  အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေအနေနဲ့ အိမ်ကနေပဲ အလုပ်လုပ်ကြဖို့၊ လက်ခစားလုပ်ငန်းတွေ၊ စက်ရုံတွေမှာ လုပ်ကိုင်ကြသူတွေအနေနဲ့ကတော့ စက်တင်ဘာ ၂၄ ရက်ကစလို့ အောက်တိုဘာ ၇ ရက်နေ့အထိ လုပ်ငန်းခွင်မသွားကြဖို့ အမိန့်ထုတ်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org