အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နဲ့ NCCT အဖွဲ့တို့ ထပ်မံတွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင် တဲ့ ပြည်ထောင်စုငြိမ်း ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော် မတီနဲ့ တိုင်းရင်းသား လက်နက် ကိုင်ခေါင်းဆောင်တွေဟာ ဖက်ဒရယ်စနစ်နဲ့ တပ်ဖွဲ့စည်းရေးကိစ္စတွေကို မြစ်ကြီးနား မြို့က ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ဒီနေ့ အလွတ် သဘောတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

NCCT နဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ သြဂုတ်လ ၃ ရက် တွေ့ဆုံဆွေးနွေးစဉ် Photo: Kyaw Myo MIN / RFA

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင် တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေဟာ ဖက်ဒရယ်စနစ်နဲ့ တပ်ဖွဲ့စည်းရေး ကိစ္စတွေကို မြစ်ကြီးနားမြို့က ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ဒီနေ့ အလွတ် သဘောတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့အတွက် တိုးတက်ကောင်းမွန် တဲ့ ဆွေးနွေးပွဲတစ်ခုဖြစ်တယ်လို့ တစ်နိုင်ငံလုံးအပစ် ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင် ဦးနိုင်ဟံသာက သတင်းထောက်တွေကို ပြောပါတယ်။

"ဒီနေ့ အဓိကဆွေးနွေးကြတာက ဖက်ဒရယ် ကိစ္စတွေပေါ်မှာ အမြင်မတူတာညီတွေ၊ တပ်ဖွဲ့စည်းရေးမှာ အမြင်မတူညီတာတွေ ဘာ့ကြောင့် ဘာ့ကြောင့် ဟိုဘက်ကဘယ်လိုမြင်လဲ၊ ဒီဘက်ကဘက်လိုမြင်လဲ စသည်ဖြင့်ပေါ့နော် ၊ နောက်ဥပမာ ဒီဥပဒေနဲ့အညီတယ်ဆိုတဲ့ ဝေါဟာရတွေက အစပေါ့ဗျာ၊ ဒါတွေလဲ တဖက်က ဘယ်လိုမြင်လဲ၊ တဖက်ကဘယ်လိုမူတည်လဲ စသည်ဖြင့်ပေါ့လေ ဒါတွေပါ တိုးတက်လာတယ်ဗျ၊  ဒါပေမဲ့ ဘယ်လောက်လဲတော့ အပြတ်မပြောနိုင်သေးဘူး"

ရန်ကုန်မြို့မှာ ကျင်းပမယ့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲကို ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ် ငန်းကော်မတီက ဒီလ ၁၅ရက်နေ့မှာ ဆွေးနွေးဖို့ တိုင်းရင်းသားခေါင်းဆောင်တွေကို အဆိုပြုထားပြီး တိုင်းရင်းသားခေါင်းဆောင်တွေကတော့ ဒီလ ၁၈ ရက်နေ့မှာ ဆွေးနွေးဖို့ အဆိုပြုထားတယ်လို့ သိရပါတယ်။

ဒီနေ့ဆွေးနွေးပွဲကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်၊ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းနဲ့ NCCT ခေါင်းဆောင်တွေဖြစ်တဲ့ ဦးနိုင်ဟံသာ၊ ဖဒိုကွယ်ထူးဝင်းတို့နဲ့ NCCT အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာက အကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org