လယ်ဧက ၆ သိန်းနီးပါး ရေနစ်မြုပ်

၂ဝ၁၆ -၂၀၁၇ ခုနှစ် စိုက်ပျိုးရေးရာသီမှာ မိုးရွာသွန်းမှုတွေများတဲ့အတွက် တိုင်းဒေ သကြီးနဲ့ ပြည်နယ် ၁၂ ခုမှာ စိုက်ပျိုးမြေ ဧကပေါင်း ၅ သိန်း ၈ သောင်းကျော် ရေ နစ်မြုပ်နေတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာနက ပြောပါတယ်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ထဲက ရေနစ်မြုပ်နေတာကို တွေ့ရစဉ် Photo: Min Thein Aung/RFA

၂ဝ၁၆ -၂၀၁၇ ခုနှစ် စိုက်ပျိုးရေးရာသီမှာ မိုးရွာသွန်းမှုတွေ များတဲ့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၂ ခုမှာ စိုက်ပျိုးမြေဧကပေါင်း ၅ သိန်း ၈ သောင်းကျော် ရေနစ်မြုပ်နေတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာနက ပြောပါတယ်။

ဧရာဝတီတိုင်းက ရေနစ်မြုပ်မှုအများဆုံးဖြစ်ပြီး ပြန်စိုက်ဖို့ မျိုးစပါးတွေ ဖြန့်ဝေပေးဖို့ အစီအစဉ် ရှိတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးမျိုးတင့်ထွန်းက ပြောပါတယ်။

"ကျနော်တို့ သြဂုတ်လ ၁၅ ရက်နေ့အထိကို တစ်နိုင်ငံလုံးမှာ ရေမြုပ်သွားတဲ့ လယ်မြေဧကပေါင်း ၅ သိန်းကျော် ရှိပါတယ်၊ ဧရာဝတီတိုင်းက အများဆုံးလေ၊ ဧရာဝတီတိုင်းက အခုထက်ထိ ရေကမကျသေးတော့ ကျနော် တို့စောင့်ကြည့်နေတယ်၊ ရေကျတော့မှ ဘယ်လောက်ထိခိုက်တယ် ဘယ်လောက်ပျက်စီးတယ်ဆိုတာပေါ်မှာပါ၊ စပါးက သီးနှံတွေအားလုံးထဲမှာ အများဆုံးမြုပ်တယ်၊ အဲ့ဒါကို ကျနော်တို့က ရေပြန်ကျတဲ့အချိန်မှာ ဧက ဘယ်လောက်ပျက်စီးသလဲ၊ အဲ့အပေါ်မှာ ပြန်စိုက်ဖို့အတွက် မျိုးစပါးဘယ်လောက်လိုမလဲ၊ အဲ့ဒါတွေတွက်ချက် ပြီးတော့ ကျနော်တို့ ခုစုဆောင်းထားတဲ့ မျိုးစပါးတွေ ဖြန့်ပေးဖို့အစီအစဉ်ရှိပါတယ်"

ဧရာဝတီတိုင်းမှာ ဧက ၂ သိန်း ၃ သောင်းကျော်၊ ပဲခူးတိုင်းမှာ ဧက ၁ သိန်း ၆ သောင်းကျော်၊ ရန်ကုန်တိုင်းနဲ့ မကွေးတိုင်းမှာ ဧက ၆ သောင်းကျော်စီ၊ စစ်ကိုင်းတိုင်းမှာ ဧက ၂ သောင်းကျော်နဲ့ ကချင်ပြည်နယ်မှာ ဧက ၁ သောင်းကျော်တို့ ဖြစ်ပါတယ်။

ဒါ့အပြင် နေပြည်တော်၊ မန္တလေး၊ ရှမ်း၊ ချင်း၊ ရခိုင်၊ မွန် စတဲ့ နေရာတွေမှာလည်း ရေနစ်မြုပ်နေတဲ့ စိုက်ပျိုးမြေတွေ လည်း ရှိပါတယ်။

မနှစ်ကတော့ တစ်နိုင်ငံလုံးမှာ စိုက်ပျိုးမြေဧက ၃ သိန်းကျော်သာ ရေမြုပ်ခဲ့တာကြောင့် ဒီနှစ်က ပိုများတယ်လို့ လည်း ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org