အင်ဒိုနီးရှားကို အတုယူဖို့ ကရင်ခေါင်းဆောင်တွေပြောဆို
မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေ အတူယှဉ်တွဲနေထိုင်ဖို့နဲ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အင်ဒိုနီးရှားနိုင်ငံက ပြောင်းလဲပုံကို မြန်မာအနေနဲ့ အတုယူသင့်တယ်လို့ကရင်အမျိုးသားအစည်းအရုံး KNU အတွင်းရေးမှူး ပဒို ကွယ်ထူးဝင်းက အင်ဒိုနီးရှားနိုင်ငံမှာ အင်္ဂါနေ့က ပြောလိုက်တဲ့အကြောင်း ၁၉ ရက် မနေ့က ထုတ်တဲ့ ဂျကာတာပို့စ်သတင်းစာမှာ ဖေါ်ပြလိုက်ပါတယ်။
-
2014-02-19 -
-
-
မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေ အတူယှဉ်တွဲနေထိုင်ဖို့ နဲ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အင်ဒိုနီးရှားနိုင်ငံက ပြောင်းလဲပုံကို မြန်မာအနေနဲ့ အတုယူသင့်တယ်လို့ကရင်အမျိုးသားအစည်းအရုံး KNU အတွင်းရေးမှူး ပဒို ကွယ်ထူးဝင်းက အင်ဒိုနီးရှား နိုင်ငံမှာ အင်္ဂါနေ့က ပြောလိုက်တဲ့အကြောင်း ၁၉ ရက် မနေ့ကထုတ်တဲ့ ဂျကာတာပို့စ်သတင်းစာမှာ ဖေါ်ပြ လိုက်ပါတယ်။
ဂျကာတာမြို့က THC ခေါ် The Habibie Center မှာ ၂ ရက်တာပြုလုပ်ခဲ့တဲ့ အင်ဒိုနီးရှား-မြန်မာ ဆွေးနွေးပွဲမှာ ပဒိုကွယ်ထူးဝင်းက ပြောလိုက်တာပါ။ ဒါ့အပြင် သူက ယဉ်ကျေးမှုများစွာတည်ရှိနေတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ဒီမိုကရေစီစနစ်ကို အောင်မြင်အောင် ထိမ်းသိမ်းထား နိုင်တယ်လို့ဆိုပါတယ်။ အင်ဒိုနီးရှားတောင် အဲဒီလိုဆောင်ရွက်နိုင်ရင် မိမိတို့မြန်မာနိုင်ငံအနေနဲ့ ဘာကြောင့် မဆောင်ရွက်နိုင်ရမှာလဲလို့ဆိုပါတယ်။ ဒါဟာ အစိုးရရဲ့ ဦးဆောင်မှုနဲ့ တိုင်းရင်းသားအဖွဲ့တွေပေါ်မှာ မူတည်နေတယ်လို့ KNU အတွင်းရေးမှူး ပဒို ကွယ်ထူးဝင်းက ပြောပါတယ်။
THC ဥက္ကဌ မစ္စ ဒေဝီအဏ္ဏဝါက အင်ဒိုနီးရှားနဲ့မြန်မာကို နှိုင်းယဉ်ကြည့်ရင် တိုင်းတပါးကိုလိုနီလက်အောက် မှာ နှစ်ကာလအတော်ကြာနေခဲ့ရတာမျိုး၊ ပုံသဏ္ဍန်တူတာတွေ တော်တော်များများ တွေ့ရတဲ့အကြောင်း၊ ဒီမိုကရေစီစနစ် တည်ဆောက်တဲ့အခါ အပြန်အလှန် လေ့လာစရာတွေရှိတဲ့အကြောင်း၊ အခုလိုဆွေးနွေးပွဲမျိုးကနေ ဒီမိုကရေစီမြှင့်တင်ဖို့မိတ်ဆွေကောင်းတွေ ဖြစ်နိုင်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။