နှစ်သစ်ဦးကျိန်စာရေးသားသူ ပန်းချီဆန်းဇော်ထွေးကို ဖမ်းဆီး

နှစ်သစ်ဦးကျိန်စာဆိုပြီး အိမ်ရှေ့မှာ ရေးသားထားတဲ့ နိုင် ငံရေးအကျဉ်းသားဟောင်း ပန်းချီပညာရှင် ကိုဆန်းဇော်ထွေး ကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်ဝတ်လူတချို့က ဖမ်းဆီးသွား တယ်လို့ သူ့ရဲ့မိသားစုဝင်တွေက ပြောပါတယ်။

နှစ်သစ်ဦးကျိန်စာဆိုပြီး အိမ်ရှေ့မှာ ရေးသားထားတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ပန်းချီပညာရှင် ကိုဆန်းဇော်ထွေး ကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်ဝတ်လူတချို့က ဖမ်းဆီးသွားတယ်လို့ သူ့ရဲ့မိသားစုဝင်တွေက ပြောပါတယ်။

ရန်ကုန်မြို့ သုဝဏ္ဏကနေအိမ်မှာ ကိုဆန်းဇော်ထွေး တစ်ယောက်တည်းရှိစဉ် ခေါ်ဆောင်သွားတာဖြစ်တယ်လို့ ကိုဆန်းဇော်ထွေးရဲ့ အကိုဖြစ်သူက ဦးဆန်းလှိုင်က ပြောပါတယ်။

"သူက သြင်္ကန်နှစ်သစ်ကူးဆိုတော့ နှစ်သစ်ကူးသဝဏ်လွှာ စာရေးတယ်၊ ကျန်းမာပါစေ ဆိုတာမျိုးရေးပြီး သွားရင် အောက်ကနေ ကျောင်းသားလူငယ်တွေကို နှိပ်စက်သတ်ဖြတ်တဲ့ ရဲနဲ့ စစ်တပ်တွေကိုတော့ တစ်မျိုးပေါ့ဗျာ သူကရေးလိုက်တာ၊ အဲ့ဒါကြောင့်နေမယ် သူတို့မနေ့က ဓါတ်ပုံတွေလာရိုက်ကြတယ်ပြောတယ်၊ ဒီနေ့တော့ လာခေါ်သွားတယ်ပြောတယ်၊ အကြမ်းဖျင်းသိတာကတော့ ရဲကားနှစ်စီးပါတယ်၊ သူ့ကိုတင်သွားတာကတော့ အရပ်ကားနဲ့ တင်သွားတယ်လို့ပြောတယ်၊ အရပ်ကားဆိုတော့ ထောက်လှမ်းရေးခေါ်သွားတဲ့ သဘောမျိုးဖြစ် မလားမသိဘူး"

သုဝဏ္ဏမြို့နယ်မှာနေထိုင်သူ ကိုဆန်းဇော်ထွေးဟာ သူ့ရဲ့နေအိမ်ရှေ့မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်း သူတွေနဲ့ ကူညီသူတွေ ပြန်လည်လွတ်မြောက်ဖို့ နှစ်ဦးဆုတောင်းအဖြစ် ရေးသားထားသလို နှစ်သစ်ဦးကျိန်စာဆိုပြီး အစိုးရ၊ ရဲ၊ စစ်သားနဲ့ စွမ်းအားရှင်တွေ ဘေးဆိုးကြုံတွေ့ပါစေလို့ ရေးသားထားတာ ဖြစ်ပါတယ်။

ကိုဆန်းဇော်ထွေး ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး သုဝဏ္ဏမြို့နယ်ရဲစခန်းကို ဆက်သွယ်မေးမြန်းရာ သူတို့ဖမ်းဆီးတာမဟုတ်ကြောင်း ဖြေကြားပါတယ်။

သူဟာ လန်ဒန်မြို့မှာကျင်းပတဲ့ 2014 ARTRAKER နိုင်ငံတကာ ပန်းချီအနုပညာပြိုင်ပွဲမှာ စွန့်ပစ်ပစ္စည်းတွေနဲ့ ပန်းချီပုံဖော်ခဲ့တာကြောင့် ပထမဆုရရှိခဲ့သူဖြစ်ပါတယ်။

ကိုဆန်းဇော်ထွေးဟာ လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ်မှာ ဗကသ ပြန်လည်ဖွဲ့စည်းရေးအတွက် ဦးဆောင်လှုပ်ရှားခဲ့ တာကြောင့် ထောင်ဒဏ် ၃၆ နှစ် ချမှတ်ခံခဲ့ရပြီး ၂၀၁၂ ခုနှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာ သူဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org