ပလိပ်ချည်မျှင်စက်ရုံ အလုပ်သမား တစ်ထောင်နီးပါး မန္တလေးမြို့မှာ ဆန္ဒပြ

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ပလိပ်ချည်မျှင်နဲ့ အထည်စက်ရုံက အလုပ်သမား တစ်ထောင်နီးပါးလောက်က တစ်ပတ် ခွင့်ရက် နှစ်ရက်ရရှိရေး၊ လုပ်သက်ခွင့်နဲ့ ရှောင်တခင်ခွင့် ရရှိရေးအပါအဝင် ဆုံးရံှုးနေတဲ့ အလုပ်သမားအခွင့် အရေးတွေ အပြည့်အဝရရှိရေးအတွက် ဒီနေ့ မန္တလေး မြို့ပေါ်မှာ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

ပလိပ်ချည်မျှင် အထည်စက်ရုံ အလုပ်သမား တစ်ထောင် နီးပါးဟာ ခွင့်ရက်နဲ့ လစာတိုးပေးဖို့ ဖေဖော်ဝါရီလ ၅ ရက်နေ့ က မန္တလေးမြို့မှာ တောင်းဆိုဆန္ဒပြစဉ် Photo: Nay Thwae/RFA
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ပလိပ်ချည်မျှင်နဲ့ အထည်စက်ရုံက အလုပ်သမား တစ်ထောင် နီးပါးလောက်က တစ်ပတ် ခွင့်ရက်နှစ်ရက်ရရှိရေး၊ လုပ်သက်ခွင့်နဲ့ ရှောင်တခင်ခွင့် ရရှိရေးအပါအဝင် ဆုံးရံှုးနေတဲ့ အလုပ်သမားအခွင့်အရေးတွေ အပြည့် အဝရရှိရေးအတွက် ဒီနေ့ မန္တလေးမြို့ပေါ်မှာ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။     

သူတို့တောင်းဆိုချက်တွေကို ဖြေရှင်းပေးတာမရှိ ရင် နေပြည်တော်အထိ ချီတက်ဆန္ဒပြသွားမှာဖြစ် တယ်လို့ ဆန္ဒပြပွဲကိုဦးဆောင်တဲ့ အလုပ်သမား ဦးချမ်းမိုးအောင် က RFA ကို ပြောပါတယ်။

"ကျနော်တို့အနေနဲ့ ဒီလိုချီတက်ဆန္ဒပြတာဟာ လူကြီးတွေနဲ့ မိဘပြည်သူများ သိရှိအောင်ပေါ့နော် ဆန္ဒပြသပိတ်မှောက်တာပေါ့နော်၊ ခုလက်ရှိလည်း သပိတ်ကို ဒီအခွင့်အရေးတွေ မရမခြင်း ပြေလည်မှု တစ်စုံတစ်ရာမရမခြင်း သပိတ်ကို ဆက်မှောက်သွား မှာဖြစ်ပါတယ်၊ သပိတ်မှောက်ပြီး ၅ ရက်အတွင်းမှာ အစိုးရက ပြေလည်မှု တစ်စုံတစ်ရာရရှိအောင် လာရောက်ရှင်းပေးတာမျိုးမရှိဘူးဆိုရင် ကျနော်တို့အနေ နဲ့ နေပြည်တော်အထိချီတက်ပြီး သပိတ်မှောက်ဆန္ဒပြသွားမှာဖြစ်ပါတယ်"

အရင်က အမှတ် ၁ စက်မှုဝန်ကြီးဌာနအောက်က ပုလိပ်ချည်မျှင်နဲ့ အထည်စက်ရုံကို ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ ပုဂ္ဂလိက Panda Textile ကုမ္ပဏီကို လွဲှပြောင်းပေးခဲ့ပါတယ်။

အဲဒီအချိန်ကတည်းက အလုပ်ရှင်နဲ့ အလုပ်သမားတွေဟာ လုပ်ခလစာနဲ့ ခံစားခွင့်ကိစ္စတွေ ညှိနှိုင်းရာမှာ အဆင်မပြေဘဲ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက ဆန္ဒပြတောင်းဆိုနေကြတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org