ပလက်ဝက စစ်ပြေးဒုက္ခသည်တွေကို ရိက္ခာထောက်ပံ့မှု စတင်

ချင်းပြည်နယ် ပလက်ဝမြို့မှာ ဖြစ်ပွားနေတဲ့ မြန်မာတပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည်တွေကို ပြည်နယ်အစိုးရနဲ့ အရပ်ဘက်အဖွဲ့တွေ ပေါင်းပြီး ဒီကနေ့ စားနပ်ရိက္ခာ စတင်ပေးပို့နေပြီဖြစ်ပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့က စစ်ဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့အားပေးရန် ရောက်ရှိလာတဲ့ ကိုဝေဠုကျော်နဲ့အဖွဲ့ ကို နိုဝင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ် Photo: Wai Lu Kyaw Foundation

ချင်းပြည်နယ် ပလက်ဝမြို့မှာ ဖြစ်ပွားနေတဲ့ မြန်မာတပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည်တွေကို ပြည်နယ်အစိုးရနဲ့ အရပ်ဘက်အဖွဲ့တွေ ပေါင်းပြီး ဒီကနေ့ စားနပ်ရိက္ခာ စတင်ပေးပို့နေပြီဖြစ်ပါတယ်။

ပြည်နယ်အစိုးရအဖွဲ့ဝင်တွေနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေပူးပေါင်းပြီး စားနပ်ရိက္ခာတွေကို ရေကြောင်းကနေ စက်လှေ ၅ စီးနဲ့ အရင်ဆုံးပို့ဆောင်ပေးနေပြီလို့ ပလက်ဝလူမှုကူညီရေးပရဟိတအဖွဲ့က ဦးကျော်ခင် က ပြောပါတယ်။

"ကိုဝေဠုတို့အဖွဲ့။ နောက်ပြီးတော့ လူကယ်ပြန်ဝန်ကြီးဌာနကနေ ထောက်ပံ့တဲ့ပစ္စည်းတွေရှိတယ်။ အဲဒါ ကို ပြည်နယ် ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာနက ပြည်နယ်မှူးလည်း ရောက်လာ တယ်။ ထောက်ပံ့ရေးက လှေတွေက သေးတော့ အကုန်လုံးမသယ်ယူနိုင်သေးဘူး။ ဆန်တွေ၊ ပဲတွေ၊ ဆားတွေ အဲ့ဟာတွေပဲပေါ့။ မနက်က ငါးစီးလောက်တော့ရှိမယ်"

ကယ်ဆယ်ရေးသွားရောက်မယ့်သူတွေကို ဒုက္ခသည်တွေ ခိုလှုံနေတဲ့ ရှင်းလက်ဝကျေးရွာက အုပ်ချုပ်ရေးမှူးတွေ က လှေတွေနဲ့ လာရောက်ခေါ်ယူကြောင်းနဲ့ ခရီးလမ်းလုံခြုံရေးအတွက် နယ်မြေခံတပ်တွေကို အကြောင်းကြားပြီး ကူညီထောက်ပံ့ရေး လုပ်ဆောင်နေရတယ်လို့ ပြောပါတယ်။

အစိုးရတပ်မတော်နဲ့ AA အဖွဲ့တို့ကြား တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ကစတင်ပြီး ကုလားတန်မြစ်အထက်ပိုင်း မြန်မာ-အိန္ဒိယနယ်စပ် ဂုံပြင်ရွာနားမှာ ဖြစ်ပွားနေတာဖြစ်ပါတယ်။

အဲဒီလို တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် ဂုံပြင်ရွာက ကျေးရွာသား ၃၀၀ လောက်နေအိမ်တွေကို စွန့်ခွာထွက်ပြေးနေ ကြပြီး ပလက်ဝမြို့နယ် ရှင်းလက်ဝရွာမှာ ရွှေ့ပြောင်းနေထိုင်နေကြတာဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် ကျောင်းသားတစ်ယောက်သေဆုံးပြီး အရပ်သား ၃ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မတော်က ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org