ပုလဲသွယ်စပါး စိုက်ပျိုးမှုရပ်ပြီ

ပြီးခဲ့တဲ့အစိုးရလက်ထက်က စီမံကိန်းချ လုပ်ကိုင်နေတဲ့ ပုလဲသွယ်စပ်မျိုးစပါး စိုက်ပျိုးတာတွေကို ရပ်နားထားဖို့ အတွက် အစိုးရက ညွှန်ကြားထားပါတယ်။

စပါးစိုက်တောင်သူတွေကို တွေ့ရစဉ် Photo: Min Thein Aung/ RFA

ပြီးခဲ့တဲ့အစိုးရလက်ထက်က စီမံကိန်းချလုပ်ကိုင်နေတဲ့ ပုလဲသွယ်စပ်မျိုးစပါး စိုက်ပျိုးတာတွေကို ရပ်နားထားဖို့ အတွက် အစိုးရက ညွှန်ကြားထားပါတယ်။

ထွက်နှုန်းကောင်းပေမယ့် ပြည်ပဝယ်လိုအားဈေးကွက်ရှာဖို့ အခက်အခဲရှိတာကြောင့် ပြည်ပဝယ်လိုအား ကောင်း မယ့်၊ ပြည်တွင်းမှာလည်း အသုံးတည့်မယ့် စပါးမျိုးတွေကို ပြောင်းလဲစိုက်ပျိုး ထုတ်လုပ်သွားမယ်လို့ စိုက်ပျိုးရေး ၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးမျိုးတင့်ထွန်း က ပြောပါတယ်။

"ပြည်ပတင်ပို့ဖို့အတွက်ကလည်း ဒီဟာက အလားအလာ သိပ်မကောင်းဘူးပေါ့နော်၊ သူကအထွက် ကလေးတော့ ကောင်းပါတယ်၊ ဒါပေမဲ့ ဈေးကွက်ရှာတဲ့နေရာမှာ နည်းနည်းအခက်အခဲရှိမယ်၊ ပြည်ပဝယ်လက် ကတော့ သိပ်ပြီးတော့မကြိုက်ဘူး၊ မကြိုက်တော့ ဈေးမရဘူးပေါ့ဗျာ၊ demand မရှိတော့ Supply လျော့တဲ့ သဘောပါ၊ တွန်းအားပေး မလုပ်တော့ဘူးပေါ့နော်၊ ကျနော်တို့ဘက်ကတော့ နည်းနည်း export quality ကောင်း မယ့် ပြည်တွင်းမှာလည်းစားဖို့ကောင်းမယ့် စပါးမျိုးတွေကို ပြောင်းထုတ်လို့လုပ်နေတယ်"

လက်ရှိမြန်မာနိုင်ငံမှာ စိုက်ပျိုးနေတဲ့ စပါးအမျိုးအစားဟာ စုစုပေါင်း အမျိုး ၆၀ လောက်ရှိပြီး ပုလဲ သွယ်စပ်မျိုးစပါး ကို ဧရာဝတီ၊ စစ်ကိုင်း၊ ပဲခူး၊ မန္တလေး စတဲ့တိုင်းဒေသကြီးတွေ နဲ့ ရှမ်းပြည်နယ်တွေမှာ အများဆုံးစိုက်ပျိုးနေတာ ဖြစ် ပါတယ်။

အဲ့ဒီစပ်မျိုးစပါးဟာ အထွက်နှုန်းကောင်းပေမဲ့ အခြားစပါးမျိုးတွေနဲ့ ယှဉ်ရင် စတင်စိုက်ပျိုးတဲ့ အချိန်ကစပြီး ရိတ်သိမ်း ချိန်အထိ ပိုပြီးဂရုတစိုက် စိုက်ပျိုးရတာကြောင့် တာဝန်ပိုကြီးကြောင်းလည်း ပြောပါတယ်။

အရင်အစိုးရလက်ထက်က လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပုလဲသွယ် စပ်မျိုးစပါးကို စိုက်ပျိုးကြဖို့ တွန်းအားပေးခဲ့ တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ဘယ်လိုစပါးအမျိုးအစားကို အလေးထားစိုက်ပျိုးကြဖို့ ဆိုတာထက် တောင်သူတွေရဲ့ အကြိုက် အမျိုးအစားတွေကို လေ့လာနေပြီး မျိုးကောင်း မျိုးသန့်ဖြစ်အောင် မျိုးထုတ်ဖို့ အစီအစဉ်ရှိတယ်လို့လည်း ပြောပါတယ်။

အဲ့ဒီစပ်မျိုးစပါးဟာ ဆည်ရေသောက်ဒေသတွေမှာ ဖြစ်ထွန်းအောင်မြင်နိုင်ပေမယ့် မိုးများတဲ့ဒေသတွေမှာတော့ စိုက်ပျိုးအောင်မြင်ဖို့ မလွယ်ဘူးလို့လည်း သိရပါတယ်။

ဦးမျိုးတင့်ထွန်း ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org