Gtalk က တဆင့် ပါဠိ- မြန်မာ - အင်္ဂလိပ် အဘိဓာန် အလွယ်တကူ ကြည့်ရှုနိုင်ပြီ

မြန်မာကွန်ပြူတာ ပညာရှင်တဦးရဲ့ တီထွင်ဖန်တီးမှုနဲ့ အင်တာနက် Gtalk ကတဆင့် ပါဠိ- မြန်မာ- အင်္ဂလိပ် အဘိဓာန် အလွယ်တကူ ကြည့်နိုင်ပြီလို့ သိရပါတယ်။

အင်တာနက် Gtalk ကတဆင့် ပါဠိ- မြန်မာ- အင်္ဂလိပ် အဘိဓာန် အလွယ်တကူ ကြည့်နိုင်ပြီဖြစ်သည်။ gtalk web page

pali2myn@gmail.com ကို သွားပြီး မိမိရှာဖွေလိုတဲ့ ပါဠိ စကားလုံးပဲ ဖြစ်ဖြစ်၊ မြန်မာ၊ အင်္ဂလိပ် စကားလုံးပဲ ဖြစ်ဖြစ် ရိုက်ထည့် လိုက်မယ်ဆိုရင် အလိုအလျောက် အဓိပ္ပါယ် ပြန်ဆိုပေးတယ်လို့ သိရပါတယ်။

ဖန်တီးသူ ပညာရှင်က အိုင်တီ ဦးမောင်မောင် ဖြစ်ပါတယ်။ အခုလို ဘာသာစကား (၃)မျိုးနဲ့ အဘိဓာန်ကို အင်တာနက်က တဆင့် အလွယ်တကူ ကြည့်ရှု နိုင်တဲ့အတွက် တန်ဖိုးရှိတဲ့ ဝန်ဆောင်မှု တခု ဖြစ်ကြောင်း ပြည်ပအခြေစိုက် မိုးမခ သတင်းမီဒီယာ တာဝန်ခံအယ်ဒီတာ ကိုမောင်ရစ်က ပြောပါတယ်။

ပါဠိ-မြန်မာ-အင်္ဂလိပ် အဘိဓာန်ကို မြန်မာနိုင်ငံမှာ အများသုံးနိုင်တဲ့ Gtalk ကနေ အလွယ်တကူ ကြည့်ရှု နိုင်တဲ့အတွက် အသုံးပြုသူတွေကလည်း အတော် အဆင်ပြေကြတယ် လို့ဆိုပါတယ်။

ပြည်တွင်းမှာ အင်တာနက်ကို လွတ်လွတ် လပ်လပ် သုံးစွဲခွင့် ရှိမယ်ဆိုရင် နည်းပညာ အခြေခံပြီး မြန်မာစာပေ ဒီထက်ပိုပြီး တိုးတက် ထွန်းကားအောင် ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ ကိုမောင်ရစ်က ပြောပါတယ်။

ပြည်တွင်းမှာ ကွန်ပျူတာ ဆော့ဖ်ဝဲလ်တွေ ထုတ်လုပ်တဲ့ Mandalay Alpha ကုမ္ပဏီက အဘိဓာန်နဲ့ ပတ်သက်လို့ ထုတ်ထားတဲ့ အချက်အလက်တွေကို အခြေခံပြီး ပညာရှင် အိုင်တီ ဦးမောင်မောင်က တီထွင် ဖန်တီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org