ပိတ်မိနေသူတွေကို အချိန်မီကယ်ဆယ်ဖို့ ပြည်နယ်လွှတ်တော်မှာ အရေးကြီးအဆိုတင်

ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တွေမှာ အကြမ်းဖက် တိုက်ခိုက်ခံရမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူတွေ၊ ပိတ်မိနေတဲ့ဒေသခံတွေကို အချိန်မီ ကယ်ဆယ်ရေးနဲ့ အခြေခံလိုအပ်ချက်တွေကို အဆောတလျင်ဆောင်ရွက်ပေးဖို့ ပြည်ထောင်စု အစိုးရထံ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ဒီနေ့ ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးမှာ တင်သွင်းလိုက်ပါတယ်။

ထွက်ပြေးတိမ်းရှောင်လာတဲ့ ဘူးသီးတောင်မြို့နယ် သပိတ်တောင်ကျေးရွာသားတွေကို တွေ့ရစဉ် ဓာတ်ပုံ- ကျော်သူရ(နွားရုံတောင်)

ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တွေမှာ အကြမ်းဖက် တိုက်ခိုက်ခံရ မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူတွေ၊ ပိတ်မိနေတဲ့ဒေသခံတွေကို အချိန်မီကယ်ဆယ်ရေးနဲ့ အခြေခံ လိုအပ်ချက်တွေကို အဆောတလျင်ဆောင်ရွက်ပေးဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အရေးကြီး အဆိုကို ဒီနေ့ ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးမှာ တင်သွင်းလိုက်ပါတယ်။

အဲဒီအရေးကြီးအဆိုကို တင်သွင်းခဲ့တဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ ပိတ်မိနေတဲ့ ကျေးရွာပေါင်း ၈၀ ကျော်ရှိတယ်လို့ ပြောပါတယ်။

တချို့ကျေးရွာတွေမှာ လုံခြုံရေးအချို့ရှိပေမယ့် အစွန်းရောက်အကြမ်းဖက်သမားတွေက လူအင်အားအများအပြားနဲ့ လာရောက်တိုက်ခိုက်နေတာကြောင့် အင်အားမမျှတတဲ့အတွက် ဘယ်ကိုမှထွက်မရဘဲ ပိတ်မိနေတာဖြစ်တယ် လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။

အဲဒီအဆိုကို ကန့်ကွက်မယ့်သူမရှိတာကြောင့် ဆက်လက်ဆွေးနွေးဖို့ ရခိုင်ပြည်နယ်လွှတ်တော်က ဆုံးဖြတ် ခဲ့ပါတယ်။

ရခိုင်ပြည်နယ် မောင်တောဒေသမှာ သြဂုတ်လ ၂၇ နဲ့ ၂၈ ရက်နေ့တွေမှာ အစွန်းရောက် အကြမ်းဖက်သမားတွေ က လက်လုပ်မိုင်း ၄၅ လုံးဖောက်ခွဲခဲ့သလို ကျေးရွာ ၇ ရွာ၊ ကင်းစခန်း ၁ ခုနဲ့ မြို့ပေါ်ရပ်ကွက် ၂ နေရာမှာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက မနေ့ညက သတင်းထုတ်ပြန် ပါတယ်။

မနေ့က မနက်ပိုင်းမှာ အထက်ပြူးမကျေးရွာက နေအိမ် ၃၀ နဲ့ ဝက်ကျိမ်းကျေးရွာက နေအိမ် ၃၀ ကို အစွန်းရောက် အကြမ်းဖက်သမားတွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် မနေ့က နေ့လည်ပိုင်းမှာ မောင်တောမြို့ပေါ် ရပ်ကွက်(၅)မှာရှိတဲ့ ကာလာဘာကျေးရွာမှာ မီးလောင်ကျွမ်း မှုဖြစ်ပြီး လက်လုပ်ဗုံး ၃ လုံးပေါက်ကွဲခဲ့သလို မောင်တောခရိုင် အုပ်ချုပ်ရေးမှူးရုံးနောက်မှာလည်း နေအိမ် ၁၉ လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ ပါရှိပါတယ်။

မနေ့ကညနေ ၆ နာရီလောက်မှာတော့ မောင်တောမြို့ပျက်စီးရေးအတွက် ရည်ရွယ်ပြီး မြို့ပေါ် ဝိမလ ရပ်ကွက်ကို အစွန်းရောက် အကြမ်းဖက်တွေက အကြိမ်ကြိမ် မီးရှို့တာတွေ၊ ဖောက်ခွဲမှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း ဖော်ပြထား ပါတယ်။

မောင်တောမြို့ပေါ် ဇောတိကာရုံကျောင်းတိုက်အတွင်းမှာ ကွမ်းသီးကောက်နေတဲ့ မြိုတိုင်းရင်းသားတစ်ဦးကို လုပ်သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ဒဏ်ရာ ၁၀ ချက်လောက်ရရှိပြီး ဆေးကုသမှုခံယူနေရတယ်လို့ ဖော်ပြ ထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက် မှုတွေကြောင့် ပိတ်ထားခဲ့ရတဲ့ မောင်တော-ဘူးသီးတောင် ကားလမ်းမကို မနေ့က စတင်ပြီး ပြန်ဖွင့်ပေးလိုက်ပြီ လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မှာတော့ မောင်တောနဲ့ ဘူးသီးတောင်မြို့ပေါ်မှာ အနည်းငယ်တည်ငြိမ်နေပြီဖြစ်ပေမယ့် မြို့နဲ့အလှမ်းဝေး တဲ့ကျေးရွာအချို့မှာတော့ အစွန်းရောက်တွေရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ် တယ်လို့သိရပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုတွေ စတင်ဖြစ်ပွားခဲ့တဲ့နေ့ကနေ ဒီနေ့အထိ အကြမ်းဖက်သမား ဘယ်နှစ်ယောက် ဖမ်းဆီးရမိထားတယ်ဆိုတာကိုတော့ အစိုးရက ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

လက်ရှိဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေအပေါ် အစိုးရအစီအစဉ်နဲ့ မြေပြင်သတင်း သွားရောက်ယူဖို့ အတွက် မြန်မာပြည်အခြေစိုက် ပြည်ပသတင်းဌာနတွေနဲ့ ပြည်တွင်းသတင်းမီဒီယာသမား ၁၁ ဦးဟာ ဒီနေ့မှာ ရခိုင်ပြည်နယ်ကို ထွက်ခွာလာကြတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org