မစ္စယန်ဟီးလီရဲ့ ထုတ်ပြန်ချက်ကို ကန့်ကွက်ကြောင်းအဆို လွှတ်တော်အတည်ပြု

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့် အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်း သူ မစ္စယန်ဟီးလီရဲ့ မကြာသေးခင်က ထုတ်ပြန်တဲ့ သတင်း ထုတ်ပြန်ချက်အပေါ် ပြင်းထန်စွာကန့် ကွက်ကြောင်း အရေး ကြီးအဆိုကို ဒီကနေ့ ပြည်သူ့ လွှတ်တော်မှာ ကန့်ကွက်သူ မရှိ အတည်ပြုလိုက်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင် ဇူလိုင်လ ၂၅ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးခဲ့စဉ် Photo: Win Ko Ko Latt/RFA

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီရဲ့ မကြာသေးခင်က ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်အပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်း အရေးကြီးအဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။

အဲဒီအဆိုကို လွှတ်တော်ကိုယ်စားလှယ် ၁၃ ယောက်က ထောက်ခံဆွေးနွေးခဲ့သလို နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင် ကလည်း ထောက်ခံခဲ့ပါတယ်။

ဒါ့အပြင် မစ္စယန်ဟီးလီရဲ့ ထုတ်ပြန်ချက်ဟာ တိကျမှန်ကန်မှုမရှိသလို အတည်မပြုရသေးတဲ့ သတင်းတွေ၊ စွပ်စွဲချက်တွေကို ထည့်သွင်းဖော်ပြထားတဲ့အတွက် ဟန်ချက်ညီမျှမှု ကင်းမဲ့တယ်လို့ ဒုတိယဝန်ကြီး ဦးကျော်တင်က လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

အဆိုကို ထောက်ခံဆွေးနွေးခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက မြန်မာအစိုးရရဲ့ လုပ်ဆောင်ချက်တွေ ကို ပြည့်စုံစွာဖော်ပြခြင်းမရှိကြောင်း၊ အဲဒီထုတ်ပြန်ချက်မှာ စွပ်စွဲချက်တွေသာ ပါဝင်နေကြောင်း ကိုယ်စားလှယ်တွေက တင်ပြခဲ့ပါတယ်။

မစ္စယန်ဟီးလီရဲ့ သတင်းထုတ်ပြန်ချက်မှာ လုံခြုံရေးတပ်ဖွဲ့တွေက စစ်ဆင်ရေးတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတယ်လို့ ပါရှိပါတယ်။

မစ္စယန်ဟီးလီရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်မှာ ယေဘုယျစွပ်စွဲချက်တွေနဲ့ မှားယွင်းတဲ့ အချက်အလက်တွေ ပါဝင်နေကြောင်း အဲဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ စိတ်ပျက် ရကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org