ပန်ဒိုရာ ပိုင်ရှင်စွဲတဲ့အမှု တရားသူကြီး ရုပ်သိမ်း

မန္တလေးမှာဖွင့်လှစ်ထားတဲ့ ပန်ဒိုရာ အဆီချလုပ်ငန်းက အလုပ်သမားဟောင်း မဇာလီဝင်းကို ပိုင်ရှင်က တရားစွဲဆိုထားတဲ့ အမှုကို ချမ်းအေးသာဇံမြို့နယ် တရားရုံးက ဒီနေ့ ရုပ်သိမ်း လိုက်ပါတယ်။

ပန်ဒိုရာအဆီချလုပ်ငန်းက အလုပ်သမားတွေကို မန္တလေးမြို့ ချမ်းအေးသာဇံ တရားရုံးရှေ့မှာ တွေ့ရစဉ် ဓါတ်ပုံ - ဒေါ်အမာ နီ (facebook)

မန္တလေးမှာဖွင့်လှစ်ထားတဲ့ ပန်ဒိုရာအဆီချလုပ်ငန်းက အလုပ်သမားဟောင်း မဇာလီဝင်းကို ပိုင်ရှင်က တရားစွဲဆိုထားတဲ့အမှုကို ချမ်းအေးသာဇံမြို့နယ် တရားရုံးက ဒီနေ့ ရုပ်သိမ်းလိုက်ပါတယ်။

လုပ်ငန်းပိုင်ရှင်က ပါးကျိုးအောင်ရိုက်နှက် နှိပ်စက်လို့ မန္တလေး နိုင်ငံရေး အင်အားစုအဖွဲ့က ဒေါ်အမာနီက ကယ်ဆယ်လိုက်ပြီးတဲ့နောက် ပိုင်ရှင်က မဇာလီဝင်းကို တရားစွဲဆိုတဲ့အမှုဖြစ်ပါတယ်။ ဒီတရားမှုကို တရားသူကြီးက ရုပ်သိမ်းလိုက်တာလို့ ပိုင်ရှင်ကိုယ်စား တရားစွဲဆိုပေးရတဲ့ မန်နေဂျာ မဆွေဆွေနှင်း က ပြောပြပါတယ်။

"ပန်ဒိုရာဘက်ကနေပြီးတော့ သမီးကိုစွဲခိုင်းထားတဲ့ တရားမမှုကို ဒီနေ့ တရားသူကြီးက ရုပ်သိမ်းပေးလိုက် ပါတယ်ရှင့်၊ အကြွေးတွေမပေးချင်လို့မို့ တရားမမှုရယ်၊ ၄၂ဝ ကျတော့ ၁၅ သိန်းဆိုပြီးတော့မှစွဲတယ်ရှင့်၊ တရားမမှုက ၈ သိန်းဆိုပြီးတော့ စွဲထားတာရှင့်၊ တကယ်တမ်း ၁၅ သိန်းတွေ ၈ သိန်းတွေဆိုတာလည်း တစ်ခါမှ မယူဖူးဘူးရှင့်၊ ယူမယ်ဆိုရင် လစာကိုကြိုထုတ်တယ်၊ အဲ့သဘောပဲရှိတယ်ရှင့်၊ လစာကိုကြို ထုတ်တဲ့အခါကျလို့ရှိရင် စာချုပ်အလွတ်တွေပေါ်မှာ လက်မှတ်ထိုး၊ လက်ဗွေနှိပ်လုပ်ပေးရတယ်၊ အခုလည်း သူတို့ဆီမှာရှိသေးတယ်၊ ဇာလီဝင်းရဲ့ စာချုပ်အလွတ်တွေလေ၊ လစာထုတ်ပြီဆိုလို့ရှိရင် ငွေ ထုတ်ဘောက်ချာမှာ လက်မှတ်ထိုးရတယ်၊ လက်ဗွေနှိပ်ရတယ်၊ ဘာစာသားမှ မရေးဘူး"

ရုံးချိန်းတစ်ခုမှာ ပိုင်ရှင်ကိုယ်စား တရားစွဲပေးရတဲ့ မဆွေဆွေနှင်းကိုယ်တိုင် သူ့ကိုကယ်ပါဆိုလို့ ဒေါ်အမာနီ ကပဲ စောင့်ရှောက်ထားရပါတယ်။

မဆွေဆွေနှင်း အပါအဝင် ပန်ဒိုရာအဆီချလုပ်ငန်းက အလုပ်သမား ၉ ယောက်ကို ဒေါ်အမာနီက ကယ်ဆယ် ထားတဲ့အမှုလည်းဖြစ်ပါတယ်။

ဒီ အလုပ်သမားတွေရဲ့ မိဘတွေကိုတည်းခိုနေတဲ့ ဘုန်းကြီးကျောင်းကအပြန် ဒီလ ရ ရက်ညမှာ နောက် ကနေကားတစ်စီးက ဝင်တိုက်လို့ ဒေါ်အမာနီ စီးလာတဲ့ကားနောက်ပိုင်း ကြေမွသွားပြီး ကားတိုက်ခံရတဲ့ ဒဏ်ရာနဲ့ ဒေါ်အမာနီဟာ ဆေးရုံမှာခုထိ ဆေးကုသနေရပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့မှာပဲ ပန်ဒိုရာအဆီချလုပ်ငန်းနဲ့ ဆက်စပ်သတင်းတွေ လိုက်လံစုဆောင်းနေတဲ့ မန္တလေးအလင်း သတင်းထောက်ချုပ်ဟောင်း မြူငှက်စီးလာတဲ့ ဆိုက်ကယ် အတိုက်ခံရပြီး ဦးခေါင်း ဒဏ်ရာနဲ့ ဆေးရုံမှာကွယ်လွန်သွားပါတယ်။

ဒီယာဉ်တိုက်မှုနှစ်ခု တိုက်ဆိုင်တာဖြစ်ပြီး သူ့ကားအတိုက်ခံရတဲ့ အမှုနဲ့ သီးခြားစီဖြစ်တယ်လို့ ဒေါ်အမာနီ က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org