ပန်းရဲ့လမ်းအဖွဲ့ ယာဉ်တိုက် မှုကြောင့် ဆေးရုံရောက်

လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်းအဖွဲ့ မနေ့ညက ရန်ကုန်မြို့တွင်းမှာ ကုန်တင်ယာဉ်တစ်စီးက ဝင်တိုက်မိ တဲ့အတွက် အဖွဲ့သားတွေ ထိခိုက်ဒဏ်ရာရခဲ့ကြပြီး ရန်ကုန်ဆေးရုံကြီးကိုရောက်ရှိခဲ့ကြပါတယ်။

ဘော်ဒါဆောင်တစ်ခုမှာ ပန်းရဲ့လမ်းအဖွဲ့ ဖျော်ဖြေနေစဉ် Photo:Tun Myint / RFA

လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်းအဖွဲ့ မနေ့ညက ရန်ကုန်မြို့ တွင်းမှာ ကုန်တင်ယာဉ်တစ်စီးက ဝင်တိုက်မိ တဲ့အတွက် အဖွဲ့သားတွေ ထိခိုက်ဒဏ်ရာရခဲ့ကြပြီး ရန်ကုန်ဆေးရုံကြီး ကိုရောက်ရှိခဲ့ကြပါတယ်။

ပဲခူးရေဘေးဒုက္ခသည်တွေအတွက် အလှူခံသီချင်းဆိုပြီး ကားနဲ့အပြန်၊ ရန်ကုန်မြို့ဝါးတန်းလမ်းထိပ် အရောက်မှာ လွယ်ဟိန်းကုမ္ပဏီက ကုန်ကားကြီးတစ်စီးက တိုက်မိခဲ့ တာဖြစ်ပါတယ်။ ကားပေါ်မှာပါလာတဲ့ အဆိုတော် ကိုသားထွေးက အခုလိုပြောပါတယ်။

"ရေဘေးအတွက် အလှူခံလိုက်ကြတာလေ လှည်းတန်းကနေ ကျနော်တို့အိမ်နားရောက်တယ် ကလီ လမ်းပေါ့ ကုန်းပေါ်ကဆင်းလာတယ် အဲ့ဒီမှာ စည်းကမ်းမဲ့ကားလို့ခေါ်ရမှာပေါ့ လွယ်ဟိန်းကုမ္ပဏီ ကနေပြီးတော့ မဝင်ရတဲ့ကား ကားအရှည် ၁၄ ဘီး ကုန်ကားရှည်ကြီးပေါ့ ဝင်ပြီးတော့ မီးလည်းမပြပဲနဲ့ ဖင်ဆုတ်လိုက်တယ် ဆုတ်လိုက်တဲ့အခါမှာ ကျနော်တို့ ကားမောင်းတဲ့ ဆရာကြီးကို တခါတည်းဘေး တိုက်တော့တာပဲ အနောက်ကလူတွေရော ဒဏ်ရာတွေနဲ့ ကားမောင်းတဲ့ဆရာကြီးက လက်တစ်ခြမ်းလုံးက ခွဲစိတ်မဲ့အနေအထားမှာရှိပါတယ်"

ပန်းရဲ့လမ်းအဖွဲ့ဝင်တွေကို တင်ဆောင်မောင်းနှင်လာတဲ့ ကိုအရွတ်ခန်း ဒဏ်ရာပြင်းထန်ပြီး၊ အဆိုတော် ကိုသားထွေး ခေတ္တသတိလစ်သွားခဲ့ပါတယ်။  ကားရှေ့ခန်းမှာလိုက်ပါလာတဲ့ အဆိုတော် သက်လျာဦးလဲ ဦးခေါင်းမှာ ဒဏ်ရာရသွားပြီး တခြားသူတွေလည်း ဒဏ်ရာတွေရခဲ့ကြပါတယ်။

သူတို့တစ်ဖွဲ့လုံး ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကို ရောက်ရှိခဲ့ကြပါတယ်။မဇ္ဈိမလှိုင်း ကိုရဲလွင်ကတော့ အဲဒီကားမှာ မပါခဲ့ပါဘူး။ ကိုရဲလွင်နဲ့အတူ ကိုမင်းကိုနိုင်၊ NLD လွှတ်တော်ကိုယ်စားလှယ် မဖြုူဖြူသင်းတို့လည်း ဆေးရုံကြီး ကို ရောက်ရှိလာခဲ့ကြပြီး ဒဏ်ရာပြင်းထန်တဲ့ ကိုအရွတ်ခန်း ရဲ့အခြေအနေကို စောင့်ကြည့်နေကြပါတယ်။

အခင်းဖြစ်မှုနဲ့ပတ်သက်ပြီး အဆိုတော် ကိုသားထွေးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းခဲ့ ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org