မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ပြည်ထောင်စုအဆင့်က ပယ်ဖျက်

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ပြည်ထောင်စု အဆင့်ကနေ ပယ်ဖျက်ပြီး သမ္မတရုံး ဘတ်ဂျက်နဲ့ လုပ်ငန်းဆောင်ရွက်စေမှာ ဖြစ်ကြောင်း ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် ပထမအကြိမ်၊ တတိယ ပုံမှန်အစည်းအဝေးကနေ ဆုံးဖြတ်လိုက်ပါတယ်။

၂ဝ၁၂ ခုနှစ် ဧပြီလ ၂၃ ရက်က နေပြည်တော်တွင်ကျင်းပ တဲ့ ပြည်ထောင်စုလွှတ်တော် ပထမအကြိမ်၊ တတိယ ပုံမှန်အစည်းအဝေးပွဲကို တွေ့ရစဉ် AFP

ဒီကနေ့ ပြည်ထောင်စုလွှတ်တော် စည်းဝေးပွဲကို နိုင်ငံတော် သမ္မတက အဆိုပြုချက် ၃ စောင် တင်သွင်းခဲ့တဲ့အထဲမှာ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်နဲ့ ပတ်သက်ပြီး အတည်ပြုတာဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်တွေရဲ့ လစာငွေလျော့ချခြင်း၊ အငြိမ်းစားဝန်ထမ်းတွေရဲ့ ပင်စင်လစာ တိုးမြှင့်ပေးခြင်း စတဲ့ ကိစ္စရပ်တွေကိုလည်း နိုင်ငံတော် သမ္မတရဲ့ လုပ်ပိုင်ခွင့်အရ အတည်ပြုလိုက်ကြောင်း သိရပါတယ်။

နိုင်ငံတော်ရဲ့ဘတ်ဂျက်နဲ့ စီမံခန့်ခွဲတဲ့ ကိစ္စရပ်တွေကို ပြည်ထောင်စုလွှတ်တော်ကို တင်ပြပြီး အတည်ပြုချက် ရယူရမှာ ဖြစ်ပေမဲ့ အဆိုပါ ကိစ္စရပ်တွေမှာတော့ သမ္မတရဲ့ လုပ်ပိုင်ခွင့်အရ ဆုံးဖြတ်တာ ဖြစ်ကြောင်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org