နိုင်ငံသားစိစစ်ရေး လွှတ်တော်မှတ်တမ်းတင်
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့ အညီ နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ပေးဖို့ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်ခင်စောဝေရဲ့ အဆိုဟာ အဆိုရှင်က လွှတ်တော် က အတည်ပြုပေးဖို့ တင်ပြပေမယ့် လွှတ်တော် က မဲခွဲဆုံးဖြတ်ပြီး မှတ်တမ်းတင်ဖို့သာ ဒီကနေ့ ဆုံးဖြတ် လိုက်ပါတယ်။
-
2016-05-20 -
-
-
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့ အညီ နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ပေးဖို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေရဲ့ အဆိုဟာ အဆိုရှင်က လွှတ်တော်က အတည်ပြုပေးဖို့ တင်ပြပေမယ့် လွှတ်တော်က မဲခွဲဆုံးဖြတ်ပြီး မှတ်တမ်းတင်ဖို့သာ ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။
လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က နိုင်ငံသားစိစစ်ရေးကိစ္စကို အစိုးရရဲ့ ရက် ၁၀၀ စီမံချက်မှာ ထည့်သွင်း အကောင်အထည်ဖေါ်နေကြောင်း လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
"၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့အညီ နိုင်ငံသားစိစစ်ရေးလုပ်ငန်းကို အစိုးရရဲ့ ရက် ၁ဝဝ စီမံချက်တွင် ဦးစားပေးလုပ်ငန်းတစ်ခုအနေနဲ့ သတ်မှတ်ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက်ကြောင့် လွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့အဆိုဟာ မှတ်တမ်းတင်ထားရှိပေးပါရန် လွှတ်တော်ဥက္ကဌကြီးမှ တဆင့် လေးစားစွာတင်ပြအပ်ပါတယ်ခင်ဗျား"
ဒေါ်ခင်စောေ၀ က မိမိတင်သွင်းတဲ့အဆိုဟာ ရခိုင်ပြည်နယ် တစ်ခုတည်းအတွက် တင်သွင်းတာမဟုတ်ဘဲနဲ့ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့အတွက် လွှတ်တော်က အတည်ပြုပေးဖို့ပြောပါတယ်။
"ဒါဟာမဖြစ်မနေလုပ်ရမယ့် ဥပဒေဖြစ်ပါတယ်၊ ဆိုတော့ ဒီအဆိုကို မှတ်တမ်းတင်ဖို့အတွက်က ကျမကတော့ အတည်ပြုစေချင်ပါတယ်၊ ဒါကြောင့် အခု ပြည်သူ့လွှတ်တော်ဥက္ကဌနဲ့တကွ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ဒီအဆိုသည် ကျမတို့ ရခိုင်အရေးတစ်ခုတည်း အတွက် မဟုတ်ပါဘူး၊ တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ အမျိုးသားအရေးတစ်ခု ဖြစ်ပါတယ်၊ အဲ့အတွက်ကြောင့် ကျမအနေနဲ့ ဒီအဆိုကို လွှတ်တော်မှာ မှတ်တမ်းတင်ခြင်းမရှိပဲနဲ့ အတည်ပြုပေးပါရန် ပြည်သူ့လွှတ်တော်ရဲ့ အဆုံးအဖြတ်ကိုနာခံပါမယ်လို့ ပြောကြားလိုပါတယ်ရှင်"
ဒေါ်ခင်စောဝေ တင်သွင်းတဲ့အဆိုကို လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၁၅၄ မဲသာရရှိပြီး ကန့်ကွက်မဲ ၂၂၈ မဲရရှိတဲ့အတွက် အဆိုကို လွှတ်တော်မှာ မှတ်တမ်းတင်ထားရှိဖို့ အတည်ပြုဆုံးဖြတ်လိုက်ပါတယ်။