အမျိုးသားလူ့အခွင့်အရေးကော်မရှင် အသုံးစရိတ် ပြည်ထောင်စုလွှတ်တော်နာယက ပယ်ချ

အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် အသုံးစရိတ် တင်ပြတောင်းခံထားတဲ့ကိစ္စကို လွှတ်တော်နာယက ဦးခင်အောင်မြင့်က မနေ့က ပယ်ချလိုက်ပါတယ်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ပုံ

လူ့အခွင့်အရေး ကော်မရှင်ဟာ သမ္မတလက်မှတ်ထိုး ဖွဲ့စည်းထားတဲ့ အဖွဲ့သာဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်နဲ့ ဖွဲ့စည်းထားတာ မဟုတ်တဲ့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီတာကြောင့် မဲခွဲစရာမလိုဘူးလို့ ဆုံးဖြတ်ပြီး ပယ်ချခဲ့တာ ဖြစ်တယ်လို့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က အာအက်ဖ်အေကို ပြောပါတယ်။

လူ့အခွင့်အရေး ကော်မရှင်က တင်သွင်းတဲ့အဆိုကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက ကန့်ကွက် တင်ပြခဲ့တာပါ။

ကော်မရှင်အနေနဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အသုံးစရိတ်အတွက် ကျပ်သန်းပေါင်း ခုနစ်ရာကျော် တင်ပြတောင်းခံထားတယ်လို့ ဆိုပါတယ်။ ဒါဟာ ဝန်ကြီးဌာနတခုရဲ့ ဘတ်ဂျက်သုံးငွေနဲ့ တန်းတူဖြစ်နေတာကြောင့် လွှတ်တော်က ခွင့်မပြုတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org