အစိုးရဝန်ကြီးဌာနတချို့ရဲ့ ကတိအတိုင်း မလုပ်ဆောင်နိုင်မှု လွှတ်တော်ဝေဖန်

အစိုးရဝန်ကြီးဌာနတချို့ဟာ အမျိုးသား လွှတ်တော်မှာ ပေးထားတဲ့ကတိတွေအတိုင်း အကောင် အထည်ဖေါ်မှု အားနည်းတယ်လို့ အမျိုးသားလွှတ်တော် အစိုးရရဲ့ အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များ စိစစ်ရေးကော်မတီက ဒီနေ့ အမျိုးသားလွှတ်တော်မှာ အစီရင်ခံစာတင်သွင်းခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်အစည်းအဝေး တက်ရောက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တွေ့ရစဉ်

အစိုးရဝန်ကြီးဌာနတချို့ဟာ အမျိုးသားလွှတ်တော်မှာ ပေးထားတဲ့ကတိတွေအတိုင်း အကောင်အထည်ဖေါ်မှု အားနည်းတယ်လို့ အမျိုးသားလွှတ်တော် အစိုးရရဲ့ အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များ စိစစ်ရေးကော်မတီက ဒီနေ့ အမျိုးသားလွှတ်တော်မှာ အစီရင်ခံစာတင်သွင်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၆ ကြိမ်မြောက်နဲ့ ၇ ကြိမ်မြောက် အမျိုးသားလွှတ်တော် အစည်းအဝေး ကာလအတွင်း လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မေးမြန်းချက်တွေအပေါ် အစိုးရဝန်ကြီးဌာနတချို့က တကယ်တန်း အကောင်အထည်ဖေါ်တာမရှိဘူးလို့  ကော်မတီအဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှိုင်က ဖတ်ကြားခဲ့တာပါ။

“လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းများနဲ့ အဆိုများအပေါ် အချို့ဝန်ကြီးဌာနများအနေဖြင့် ဖြေကြားချက်အရ ကတိကဝတ်ဖြစ်ခဲ့ပြီဖြစ်သော်လည်း လက်တွေ့အကောင်အတည်ဖော် ဆောင်ရွက်ချက်များ နှောင့်နှေးမှုရှိနေခြင်းနှင့် ကတိကဝတ်နှင့် ကိုက်ညီမှုမရှိသည်များလည်း ဖြစ်ပေါ်လျှက်ရှိသည့်အပြင် မေးခွန်းများ အဆိုများအပေါ် ကတိကဝတ်ပေးခဲ့ပြီး လက်တွေ့ဆောင်ရွက်ချက်များမှာ လွှတ်တော်ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်များ ဆန္ဒပြည့်ဝမှုမရှိသည်များကိုလည်း တွေ့ရှိရပါတယ်”

အဲ့ဒီလိုလက်တွေ့အကောင်အထည်ဖေါ်မှု အားနည်းတာဟာ လွှတ်တော်နဲ့ ဝန်ကြီးဌာနတွေအကြား အဆင်မပြေမှုတွေကြောင့် ဖြစ်နိုင်တယ်လို့လည်း အစီရင်ခံစာပါ သုံးသပ်ချက်တွေကို ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဝန်ကြီးဌာနတွေရဲ့ ကတိပေးဖြေကြားတာတွေကို စစ်ဆေးဖို့ အမျိုးသားလွှတ်တော်က ဖွဲ့ထားတဲ့ အစိုးရရဲ့အာမခံချက်များ ကတိများနဲ့ တာဝန်ခံချက်များကော်မတီက အဖွဲ့ ၄ဖွဲ့ခွဲပြီး ကွင်းဆင်းလေ့လာမယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org